သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-15
ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် မနေ့က ညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ထပ်တိုးလူနာ ၁၁၇၀ ဦး၊ သေဆုံးလူနာ ၂၄ ဦး ရှိပြီလို့ ထုတ်ပြန်တာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသူ တစ်သိန်းတစ်သောင်းနီးပါးနဲ့ သေဆုံးသူ နှစ်ထောင့်သုံးရာနီးပါးအထိ ရှိလာပါတယ်။
2020-12-15
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရွေးကောက်ပွဲ အမြန်ဆုံး ပြန်လည်ကျင်းပဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၄၆ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အခုလို တိုက်တွန်းခဲ့တာပါ။
2020-12-14
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ လတ်တလော အပစ်ရပ်နေတယ် ဆိုပေမယ့် နှစ်ဖက်တပ်ရဲ့ အနေအထားက အင်အားလျော့တာမျိုးမရှိသေးဘဲ လုံခြုံတဲ့အနေအထား မရှိသေးတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
2020-12-14
ကယားပြည်နယ်မှာ ဒီနှစ် မိုးရွာသွန်းမှုနည်းပြီး ဆည်ရေသိုလှောင်ထားနိုင်မှု နည်းနေတာကြောင့် နွေစပါးစိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
2020-12-14
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ နေ့စဉ်တိုးနေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဆေးကုသပေးဖို့ နေရာမလုံလောက်တာကြောင့် ယာယီဆေးရုံတစ်ခုကို ပြင်ဆင်ထားပါတယ်။
2020-12-14
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ရသူ ၅၃ ဦး တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပြီး အဲဒီထဲက အယောက် ၅၀ ဟာ စစ်တွေတပ်နယ်က တပ်မတော်သားတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကိုပြောပါတယ်။
2020-12-14
မြန်မာနိုင်ငံ တရားစီရင်ရေးမှာ တရားစီရင်ကြားနာမှုစံနှုန်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ရှေ့နေအဖွဲ့အစည်း (၁၁) ဖွဲ့က ဒီဇင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
2020-12-13
ရန်ကုန်မြို့တော်ဝန်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး နှစ်ဦး Covid 19 ကူးစက်ခံရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ရှစ်ရက်ကြာ ယာယီပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2020-12-13
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး စည်းကမ်းတင်းကျပ်တဲ့အနေနဲ့ နေအိမ်အပြင်ထွက်ကတ်အသစ်တွေကို ပြန်ထုတ်ပေးနေပြီး စစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။
2020-12-12
မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာ ကိုဗစ်ပိုးဟာ ကူးစက်မှု ၂၀ ရာနှုန်း ပိုပြီးမြန်နေတယ်လို့ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်၊ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာ ပရာဆစ် ဝါတာနာပါ က ပြောပါတယ်။
2020-12-12
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာမှာ အားအနည်းဆုံးနေရာက ရန်ကုန်ဖြစ်ပြီး ရန်ကုန်တိုင်းကို မထိန်းချုပ်နိုင်တာဟာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။
2020-12-12
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းမှာ တပ်မတော်က အကောင်အထည်ဖော်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ပွင့်လင်းမြင်သာစွာချပြဖို့နဲ့ သဘောတူညီချက်ရယူဖို့ ဒေသခံတွေက လိုလားနေပါတယ်။
2020-12-11
မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသား ၁၀၄ ဦးကို ဥပဒေအရ အရေးယူပြီးနောက် နယ်စပ်ချစ်ကြည်ရေး တံတားပေါ် ကနေ တရားဝင်လွှဲပြောင်းခဲ့ပါတယ်။ ဒီအထဲမှာ ကိုဗစ်ရောဂါကူးစက်သူ အတည်ပြုလူနာသစ် ၅ ဦးပါဝင်ပါတယ်။
2020-12-11
မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဗိုင်းရပ်စ် ကူးစက်သူတွေကို ဒီရောဂါရရှိပြီးနောက် ပျောက်ကင်းသွားသူတွေထံက ထုတ်ယူခဲ့တဲ့ Antibody ပဋိပစ္စည်းပါဝင်တဲ့ သွေးရည်ကြည် ထည့်သွင်းပေးတဲ့နည်းနဲ့ ကုသရာမှာ တခြား ကမ္ဘာ့နိုင်ငံတွေနည်းတူ အောင်မြင်နေတယ်လို့ သိရပါတယ်။
2020-12-11
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ဒေသတွေမှာ စားသောက်ဆိုင်အတွင်း ဆိုင်ထိုင်စားသုံးတာကို ပိတ်ပင်ထားတာ လေးလကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။