သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-10
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပါဝင်မယ့် အကြောင်းအရာတွေ၊ ၂၀၂၀ အလွန် အစိုးရသစ် လက်ထက်မှာ ဆက်လက်ဆွေးနွေးမယ့် အခြေခံမူတွေနဲ့ ပတ်သက်ပြီး JICM အကြိုညှိနှိုင်းအစည်းအဝေးကို ဒီနေ့ နေပြည်တော် NRPC မှာ ပထမနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
2020-08-10
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ သြဂုတ် ၉ ရက်နေ့ မနေ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
2020-08-09
စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပါတီရုံးတွေ မဖွင့်နိုင်သေးတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေကအပ ကျန်တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ကိုယ်စားလှယ်လောင်း ၂၃၀ ကျော်နဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
2020-08-09
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည်မရှိတဲ့အတွက် လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်လိုက်ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောပါတယ်။
2020-08-09
အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ-ကာလုံဟာ နိုင်ငံတော်ရဲ့ အသက်ဝိဉာဉ်ဖြစ်ပြီး အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်နေတာက အန္တရာယ်ကြီးတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2020-08-08
လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်း မဝင်ပြိုင်တော့ဘဲ ပါတီကတော့ နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
2020-08-08
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေနဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာနဲ့ သံတွဲမြို့နယ် အမျိုးသားလွှတ်တော်နေရာ မဲဆန္ဒနယ် ၁၁ တို့ မှာ ထပ်တိုးဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ALD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဦးလှမြင့်က RFA ကို ပြောပါတယ်။
2020-08-08
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ သွားနေရတဲ့ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီပြည့်အဝ မရသေးဘူးလို့ ၈၈ မျိုးဆက်အင်အားစုတွေက ၃၂ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်မြောက်နေ့မှာ ပြောလိုက်ပါတယ်။
2020-08-08
၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်ကို မနေ့က သြဂုတ် ၆ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သွားရောက်ခဲ့ပါတယ်။
2020-08-07
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ (၆)လပတ်မှာ၊ အစိုးရဝန်ကြီးဌာနအတော်များများ သတ်မှတ်လျာထားချက်ထက် အခွန်ငွေပိုရခဲ့ပေမယ့်၊ ကျောက်မျက်ဌာနအပါအဝင် တချို့ဝန်ကြီးဌာနတွေကတော့ ကိုရိုနာကပ်ရောဂါကြောင့် အခွန်ရရှိမှုကျဆင်းခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲမြင့်ဆွေ က ပြောလိုက်ပါတယ်။
2020-08-07
ရိုက်တာသတင်းထောက် နှစ်ဦးအမှုမှာ သက်သေလိုက်ရင်း ထောင်ချခံရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ခင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်လိုက်ပါတယ်။
2020-08-07
မန္တလေးမြို့က ဆရာတော် ဦးစိန္တိတကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖို့ တပ်မတော်က တင်ပြထားတဲ့ အမှုကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀ နဲ့ ပြောင်းလဲ စစ်ဆေးသွားဖို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက သြဂုတ်လ ၆ ရက် မနေ့က အမိန့်ချလိုက်ပါတယ်။
2020-08-07
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇန်မြို့မှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာခဲ့တဲ့ ကာလအတွင်း ဘီအိုစီရပ်ကွက်မှာ မြေပြိုကျခဲ့လို့ လူနေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။
2020-08-07
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က CB ဘဏ်ကို သြဂုတ်လ ၇ ရက်နေ့ ဒီနေ့ မနက် ဆယ်နာရီခွဲလောက်မှာ သေနတ်ကိုင်ထားတဲ့လူတစ်ယောက်က ဝင်ရောက်လာပြီး ကျပ် သိန်းတစ်ရာကျော်ခန့် ဓားပြတိုက်ယူသွားပါတယ်။
2020-08-06
ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရေးသားချက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုတာကို Facebook ကုမ္ပဏီ က ပယ်ချလိုက်ပါတယ်။