သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-16
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို လာမယ့် အောက်တိုဘာလအလယ်မှာ စတင်မယ်လို့ NLD ပါတီက ဒီကနေ့ အတည်ပြု ပြော ကြားပါတယ်။
2015-09-16
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ် သမား ၈၀၀ နီးပါးက အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိရေးအတွက် မနေ့က စက်ရုံထဲ မှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
2015-09-16
ချင်းပြည်နယ် ရေဘေးဒုက္ခသည်တွေ အတွက် တေးရေး၊ တေးဆို ကိုနေဝင်း မဇ္မျိမလှိုင်း ဦးဆောင်တဲ့ RAGA ရာဂါ ဂီတကဗျာအဖွဲ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ အဖွဲ့ကို ကျပ်ငွေ ဆယ်သိန်း မနေ့က လှူဒါန်းလိုက်ပါတယ်။
2015-09-16
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာအုပ်စု ၁၀၀ နီးပါး အတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် အောက်တို ဘာလ ၄ ရက်နေ့မှာ စတင်ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။
2015-09-16
စွမ်းအင်ဝန်ကြီးဌာနကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်းရဲ့ ကိုယ်ရေးအရာရှိ DSA အပတ်စဉ် ၃၈ ဆင်း ဒုတိယဗိုလ်မှူးကြီး တစ်ဦး ပြောင်းရွေ့ခန့်ထားလိုက်တဲ့အတွက် စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံ ဘူမိဗေဒနဲ့ အင်ဂျင်နီယာအရာရှိများက ဖဲကြိုးနီလှုပ်ရှားမူကို မနေ့က စတင်လိုက်ပါတယ်။
2015-09-15
တိုက်ပွဲတွေကြောင့် ဖွံ့ဖြိုးတိုးတက် မှုနောက်ကျနေတဲ့ ကယားပြည်နယ် ရှားတောမြို့နယ်မှာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ချင်တာကြောင့် ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောပါတယ်။
2015-09-15
လာမယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ် အတွင်း မဲရုံပေါင်းတစ်ထောင်နီးပါးရှိ မှာဖြစ်ပြီး အဲဒီအထဲမှာ အကြောင်းအမျိုးမျိုးကြောင့် အကြမ်း ဖက်မှုတွေဖြစ်လာနိုင်တဲ့ မဲရုံ ၉၀ ကျော်ရှိနေတယ်လို့ မွန်ပြည် နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
2015-09-15
ကျောင်းသားသပိတ်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုမှာတာဝန်ရှိတဲ့ရဲမှူးတွေကို တရားစွဲဖို့ လျှောက်ထားခဲ့တဲ့ ရှေ့နေဒေါ်ခင်ခင်ကျော်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ သာယာဝတီခရိုင် တရားရုံးကပြန်ပြီး တရားစွဲဆိုလိုက်ပါတယ်။
2015-09-15
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲရဲ့ အောင်မြင်မှုအတိုင်းအတာ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြော ပါတယ်။
2015-09-15
တပ်မတော်က အငြိမ်းစားယူလိုက်တဲ့ အရာရှိတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွှန်ကြားရေးမှူးရာထူးတွေ ခန့်အပ် လိုက်တာကို တောင်ကြီးမြို့ကရှေ့နေ ၁၀ ဦးလောက်က ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ရှမ်းပြည်နယ်တရားလွှတ်တော် ရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ကြပါတယ်။
2015-09-15
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ က လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်နဲ့ ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်သစ်ဟာ ရွေးကောက်ပွဲဝင် မယ့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာ ဒီပရပ်ကွက်မှာ ဒီနေ့ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-09-14
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် က ကျေးရွာတစ်ရာကျော်မှာ နောက် ၂ရက်အတွင်း ရေဖုံးလွှမ်းနိုင်ကြောင်း သတိပေးထားပြီး တချို့ကျေးရွာတွေကို ပြောင်းရွှေ့နိုင်ဖို့ စီစဉ်နေပါတယ်။
2015-09-14
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ နန်းထိုက်စံတည်းခိုခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့တာကို ဧည့်စာရင်း မတိုင်ခဲ့တာကြောင့် တည်းခိုခန်းပိုင်ရှင်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက သတိပေးပြီး ခံဝန်လက်မှတ်ရေးထိုး ခိုင်းကြောင်း သိရပါတယ်။
2015-09-14
တပ်မတော်က အငြိမ်းစားယူထားသူတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ အဆင့်မြင့် ရာထူးတွေမှာ ခန့်အပ်လိုက်တဲ့အပေါ် ရန်ကုန်နဲ့ နေပြည်တော်က ရှေ့နေတွေက ဖဲကြိုးအဝါတွေ ဝတ်ဆင်ပြီး ဒီနေ့ အရှိန်မြှင့်ပြီး ဆက်လက်ကန့်ကွက်ခဲ့ကြ ပါတယ်။
2015-09-14
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ မျိုးကို အောင်အောင်မြင်မြင် ပြ ဌာန်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဒီကနေ့ အောင်မြင်မှု အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့ သစ်တောင်ပိုင်း ပိဋကတ်သုံးပုံနိကာ စာသင်တိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။