သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-22
ငြိမ်းချမ်းရေးလုပ်ငန်း ထိရောက်အောင်မြင်မှုရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဆွေးနွေးခင် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့အနေနဲ့ ကာလုံလို အစည်းအဝေးခေါ်ယူကျင်းပပြီး ကြိုတင်ညှိနှိုင်းသင့်တယ်လို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောလိုက်ပါတယ်။
2018-08-22
ကရင်ပြည်နယ် ဘားအံမြို့မှာ ဒုတိယအကြိမ် ရေပြန်တက်လာတာကြောင့် ရေဘေးဒုက္ခသည် ရှစ်ထောင်ကျော်အထိရှိလာပြီး တခြားဒုက္ခသည်စခန်းတွေမှာ ဘာသာခြားတွေ နေထိုင်ရေး အခက်အခဲရှိတဲ့အတွက် မိုးလုံလေလုံအားကစားရုံမှာပဲ ကြပ်ကြပ်တည်းတည်း နေထိုင်ရတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေး ဝန်ကြီးက ပြောပါတယ်။
2018-08-22
ရှမ်းပြည်နယ် တောင်ကြီးမြို့က GE ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် နေအိမ်လိုင်းခန်းမှာ ဒုအရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးအပါအဝင် လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ် လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။
2018-08-22
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘုရား ဝတ္တကနယ်မြေမှာ ဧည့်နိုင်ငံသားတစ်ဦးက ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်ပြီး စားသောက်ဆိုင် ငှားရမ်းထားတာကြောင့် စည်ပင်သာယာဥပဒေနဲ့ အရေးယူထား တယ်လို့ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောပါတယ်။
2018-08-22
ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထည့်ဝင်ငွေကျပ် သိန်းလေးထောင်ကျော်ကို ပြည်ထောင် စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးအမြဲတမ်းကော်မတီ FPNCC အတွင်းရေးမှူးအဖွဲ့က ကောက်ခံ ရရှိထားပြီးဖြစ်တယ်လို့ UWSA "ဝ" အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2018-08-22
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ဒေသခံ တချို့ဟာ မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို တိမ်းရှောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။
2018-08-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ် စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရောက်ရှိနေသူတွေ ပြန်လည်အခြေချနေထိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်ကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။
2018-08-22
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှု ညှိနိုင်းရေးမှူး Knut Ostby ကနု အော့စ်ဘီ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ပြန်လည် လက်ခံရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက သက်ဆိုင်ရာဒေသအားလုံးကို မိမိတို့ အဖွဲ့အစည်းတွေ ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် သွားလာခွင့်မရသေးဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-21
ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့က ၂ဝဝ၅ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆုကို ပြန် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2018-08-21
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ဒီကနေ့မှာ တနင်္သာရီမြို့ကို သွားရောက်ခဲ့ပြီး ရေဘေး သင့်ပြည်သူ ၁၃၀၀၀ ကျော်အတွက် တပတ်စာ ဆန်ဖိုး ထောက်ပံ့ပေးခဲ့ပါတယ်။
2018-08-21
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အခက်အခဲဆုံးနဲ့ အရှုပ်ထွေးဆုံးလုပ်ငန်း စဉ်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2018-08-21
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂ ဥက္ကဌအပါအဝင် အလုပ်သမား အယောက် ၃၀ ကို အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။
2018-08-21
ရခိုင်ပြည်နယ်မှာ တရားမဝင် လိုင်စင်မဲ့ ငါးဖမ်းစက်လှေတွေကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အရေးယူဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာပြောပါတယ်။
2018-08-21
ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားနေတဲ့ အကောင့် ၂ ခုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ပြည်ထဲရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-08-21
နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်း ဥပဒေ ပုဒ်မ ၇ နဲ့ ထပ်မံတရားစွဲဆိုခံထားရတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး ကို ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ် ချမှာ ဖြစ်ပါတယ်။