သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ရဲ့ အမှုတွေကို အောက်တိုဘာလ ၅ ရက် ဒီနေ့မှာ နေပြည်တော်က သီးသန့် အထူးတရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2021-10-05
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော် နယ်စပ် ဂိတ်တစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတင်သွင်းမှု အပေါ် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းကလွဲပြီး ကျန်တာတွေကို အောက်တိုဘာ ၆ ရက်နေ့က စပိတ်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက မနေ့က ကြေညာထားပါတယ်။
2021-10-05
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျွန်းဒတ်ရွာထဲကို အောက်တိုဘာလ ၅ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီသတင်းပေး ပျူစောထီး ဆိုတဲ့ အဖွဲ့ဝင် ၂၀ ခန့် ဝင်ရောက်လာပြီး ပစ်ခတ်မှုတွေလုပ်ခဲ့သလို နေအိမ်ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-10-05
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထဲ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေထဲမှာ စစ်ကောင်စီနဲ့ KNU လက်အောက်ခံတပ်တွေ တိုက်ပွဲပေါင်း ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၃၄ ဦး သေဆုံးကာ KNU ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာလ ၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-10-05
ကယားပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာလ ၄ ရက် မနေ့ညနေ ၅ နာရီခန့်မှာ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
2021-10-05
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ကမ်းနီရဲကင်းစခန်း အောက်တိုဘာလ ၄ ရက် မနေ့ည ၁၀ နာရီဝန်းကျင်ခန့်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-05
ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မေ ၂၄ ရက်က ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် သတင်းထောက် Danny Fenster ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှုဆင်ထားတဲ့အပြင်၊ တရားမဝင် လူစုလူဝေးလုပ်မှုနဲ့ပါ မနေ့က နောက်ထပ်ပုဒ်မတစ်ခု ထပ်တိုးလိုက်ပါတယ်။
2021-10-04
အောက်တိုဘာလ ၄ ရက် မနေ့က အာဆီယံရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးကို ဗီဒီယို ကွန်ဖရင့်ကနေ ကျင်းပခဲ့ရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေက ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
2021-10-04
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်နဲ့ တရုတ်နယ်စပ် ရန်လုံကျိုင်းတံတားအနီးမှာ နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ်သစ်ဖွင့်ဖို့ တရုတ်နိုင်နဲ့ မြန်မာအာဏပိုင်တွေက ဆောင်ရွက်နေပါတယ်။
2021-10-04
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းမျိုးစုံကြုံနေရတဲ့ မြန်မာ့ အရေးကို ဝင်ပြီးဖြေရှင်းပေးဖို့ ကြိုးပမ်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာဘက်ကငြင်းမယ်ဆိုရင် ဒီလထဲမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပါခွင့်မရအောင် ဖယ်ထားခံရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ သတိပေးလိုက်တဲ့ အကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။
2021-10-04
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အနေနဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး ကနဦးခြေလှမ်းအဖြစ် ဘုံရည်မှန်းချက်တူညီတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ပြီး မတူညီတာတွေကို ဆက်လက်ဆွေးနွေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အောက်တိုဘာလ ၃ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုပါတယ်။
2021-10-04
ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက CDF အဖွဲ့ဝင်တွေဆိုတဲ့ သံသယနဲ့ လူငယ် ၅၀ ကို စစ်တပ်နဲ့ ရဲကဖမ်းခဲ့ပြီး တစ်ဦးကို ငွေကျပ် ၇ သိန်းကနေ ၁၂ သိန်း အထိ တောင်းယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လွတ်လာသူတွေရဲ့ မိသားစု ဝင်နဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီလိုဖြစ်စဉ်မရှိဘူးလို့ ငြင်းပါတယ်။
2021-10-04
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့ အမှုတစ်ခုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း က ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ်ပိဿာနဲ့ အမေရိကန် ဒေါ်လာ ခြောက်သိန်း ပေးခဲ့ကြောင်း စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ်နဲ့ ထွက်ဆိုခဲ့တာတွေဟာ အားလုံး အဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
2021-10-04
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာမှာ အောက်တိုဘာလ ၃ ရက် မနေ့ ညနေပိုင်းက ဒေသခံ သုံးဦး စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-04
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ငါးတွင်းကြီးရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူ ကိုကျော်သူဝင်းဟာ အောက်တိုဘာလ ၄ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဓားနဲ့ ခုတ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။