သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-23
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ နိုင်ငံတကာအသိအမှတ်ပြုမှု၊ လွှတ်တော်ရဲ့ အတည်ပြုမှုတွေကြောင့် တရားဝင်မှု အားကောင်းပေမယ့် စစ်တပ်က ဒီစာချုပ်ကို ပျက်အောင်လုပ်နေတယ်လို့ KNU ခေါင်းဆောင်တချို့က ဝေဖန်လိုက်ပါတယ်။
2021-12-23
ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) ထဲက အသက် ၁၈ နှစ်အထက်ရှိသူ လူဦးရေ ၅၀၀၀ ကျော်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
2021-12-23
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ အချိန် သုံးလအတွင်း တိုက်ပွဲပေါင်း ၃၀၀ နီးပါးဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုလည်း များပြားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
2021-12-22
လက်ရှိနွေဦးတော်လှန်ရေးအတွက် အလှူငွေကောက်ခံနေသူတွေ အဖွဲ့အစည်းတွေ ထဲမှာ ကိုယ်ကျိုးရှာသူတချို့ ရှိနေတယ်လို့ ပြည်တွင်းလှုပ်ရှားသူတချို့က ပြောပါ တယ်။ တပြိုင်နက်မှာ အလှူငွေရရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်တွင်းပြည်ပက ပေးပို့တဲ့ လှူဒါန်းငွေတွေ ကို ထိထိရောက်ရောက်သုံးစွဲဖို့လိုတယ်လို့ အလှူငွေ ကောက်ခံနေတဲ့ အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။
2021-12-22
မြေပြင်တိုက်ပွဲတွေမှာ တပ်သား ကျဆုံးမှုများလာတာနဲ့အမျှ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်အသုံးပြုလာတော့မယ်လို့ လက်နက်ကိုင်တော်လှန်ရေးဆောင်ရွက်နေသူတွေက တွက်ဆထား ပါတယ်။ စစ်ကောင်စီဘက်ကလည်း "အကြမ်း ဖက်သောင်းကျန်းသူ တိုက်ဖျက်ရေး" အမည်တပ်ပြီး လိုအပ်တဲ့ အင်အားကို အသုံးပြုတိုက်ခိုက်သွားမယ်လို့ တုံ့ပြန် ပါတယ်။
2021-12-22
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နဲ့ ရှမ်းမြောက်ဒေသတွေမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ အပါအဝင် အသတ်ခံရသူ စုစုပေါင်း ၂၆ ဦး အထိရှိခဲ့ပါတယ်။
2021-12-21
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီတပ်တွေက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာ ကြောင့် လူ ၁၂ ယောက် သေဆုံးပြီး လူပေါင်း ခုနစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-21
ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်တွေထဲက အချို့ကို ပြန်ဖွင့်လိုက်ပြီဆိုပေမယ့် ရှန်တိန်လို့ခေါ်တဲ့ နှစ်နိုင်ငံကုန်ပို့စနစ် ကန့်သတ် ချက်တွေကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
2021-12-20
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဥပဒေနဲ့အညီ လုပ်ဆောင်ထား တာဖြစ်ပြီး ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီမိုကရေစီ ဖော်ဆောင် ရေးလုပ်ငန်းတွေကို ထောက်ခံသင့်တယ်လို့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌနဲ့ စီးပွားရေး လုပ်ငန်းရှင် ဟီဒီယို ဝါတာနာဘေက ပြောကြားခဲ့တဲ့အကြောင်း ဂျပန်ဘာသာနဲ့ ထုတ်ဝေတဲ့ တိုကျိုကင်ဇိုင်း စီးပွား ရေးစာစောင်မှာ ဖော်ပြခဲ့ပါတယ်။
2021-12-20
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းထားတဲ့ ၁၀ လကျော်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရန်ကုန်တိုင်းက မြို့နယ် ခြောက်မြို့နယ်မှာ သေဒဏ်ချမှတ်ခံရတဲ့သူ ၉၂ ယောက်အထိ ရှိလာနေပါတယ်။
2021-12-18
နိုင်ငံတကာခရီးသွားတွေကို ၂၀၂၂ ခုနှစ် ပထမ လေးလအတွင်း ပြန်လည်လက်ခံ သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တွေကတော့ ဒီကာလအတွင်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အောင်မြင်ဖို့ အလှမ်း ဝေးနေသေးတယ်လို့ သုံးသပ်ကြပါတယ်။
2021-12-17
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေရရှိမှု လျော့နည်းလာနေတာနဲ့အတူ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေကို သုံးစွဲဖို့သဘောတူ လိုက်ပါတယ်။
2021-12-17
လာမယ့် ၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ မကြာသေးခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်း အတူလိုက်ပါလာပြီး မြန်မာနဲ့ အာဆီယံအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ပြန်ရလာလိမ့်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၆ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2021-12-17
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့က အင်းစိန်အကျဉ်း ထောင်တွင်းမှာ အကျဉ်းသူ၊ အကျဉ်းသား ၉၀ နီးပါးလောက်ပါဝင်တဲ့ အသံတိတ် သပိတ်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ဖြိုခွင်းခဲ့ကြတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုထား ကြပါတယ်။
2021-12-17
ပြီးခဲ့တဲ့ မေလကတည်းက စတင်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည် ခုနစ်သောင်းနီးပါးဟာ လက်ရှိမှာ အစားအစာနဲ့ ဆေးဝါး မလုံလောက်တဲ့အပြင် ဆောင်းရာသီ အအေးဒဏ်ကိုပါ ခံစားနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။