သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-16
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက နမ့်ကျင်ရွာမှာ တရုတ်ကုမ္ပဏီက တည်ဆောက်မယ့် စက်မှုဇုန်နဲ့ ပတ်သက်ပြီး ဒေသခံတွေကို တရားဝင် အသိပေးတာ မရှိသေးတဲ့အပြင် တခြားအလားတူ စီမံကိန်းမျိုးကို ထပ်မံခွင့်မပြုဖို့ တရုတ်ကုမ္ပဏီက တောင်းဆိုထားတာတွေ ရှိနေပါတယ်။
2020-06-16
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ပြီဆိုရင် ပြန်လည်ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
2020-06-16
ဒီမိုကရေစီဖော်ဆောင်မှုအတွက် အရေးပါတဲ့ ပုဂ္ဂလိကမီဒီယာတွေ ရှင်သန် ရပ်တည်ရေးဟာ ကပ်ဘေးကာလမှာ ပိုပြီး ခက်ခဲလာနေပါတယ်။ ဒီအခြေအနေမှာ အစိုးရမီဒီယာတွေပဲ အားကောင်းမောင်းသန်ဖြစ်နေရုံနဲ့ မလုံလောက်ဘဲ ပုဂ္ဂလိကမီဒီယာတွေ လဲပြိုမသွားအောင် အစိုးရက ဆောင်ရွက်ပေးသင့်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြောလိုက်ပါတယ်။
2020-06-15
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ဦးတည်ပြောင်းလဲလာတာ ၁၀ စုနှစ် တစ်ခုနီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် ခက်ခက်ခဲခဲ ညှိနှိုင်းအဖြေရှာဖို့မလိုတဲ့ ပညာရေးကဏ္ဍမှာ ရှေ့မရောက်ဘဲဖြစ်နေတာမို့ အစိုးရရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် အားမလိုအားမရ မှုတွေ ရှိနေကြပါတယ်။
2020-06-15
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အရှိန်မြင့်လာနေပေမယ့် မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေလည်း များနေတယ်၊ ဒီကာလမှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားလို့ ICG အဖွဲ့က ထောက်ပြပါတယ်။
2020-06-14
တစ်လကျော်ကြာ ဆိုင်ထိုင်စားသောက်ခွင့်ယာယီပိတ်ထားရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာမှာ စားပွဲခုံပေါ်မှာ အကာအရံထားရှိတာအပြင် တစ်ခုံနဲ့တစ်ခုံကြား အကာအရံ ထားရှိဖို့အတွက် ပြည်ထောင်စုအစိုးရက ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။
2020-06-13
မလေးရှားနိုင်ငံရဲ့ ရေပိုက်နက်ထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင် တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို မလေးရှားကမ်းခြေစောင့်တပ်က ကမ်းကပ် ခွင့်မပေးတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့က သူတို့လာရာလမ်းကို ပြန်လည်ထွက်ခွာသွားပြီလို့ အနာဒိုလူ သတင်းမှာ သောကြာနေ့ကဖော်ပြပါတယ်။
2020-06-12
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ အေအေအဖွဲ့ အကြား စစ်ရေးပဋိပက္ခတွေ တစ်နေ့တစ်ခြား ပိုမိုပြင်းထန်လာနေပြီး တိုက်ခိုက်မှုတွေက မြို့ပေါ်တွေမှာပါ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
2020-06-12
ကပ်ဘေးကာလ ခပ်ခွာခွာနေကြဖို့ ညွှန်ကြားထားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ လူစုလူဝေးနဲ့ ဘာသာရေး အခမ်းအနားပြုလုပ်ခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
2020-06-11
ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးသူ နေ့စဉ် သိန်းနဲ့ချီ ရှိနေပါတယ်။ ဒီလဆန်းပိုင်း လမ်းကြောင်းပြောင်းပြန် မောင်းလာတဲ့ ဘတ်စ်ကား တစ်စီးကြောင့် လူ သုံးယောက် သေဆုံးခဲ့ပြီးနောက် ဒီလိုအဖြစ်တွေ ထပ်မဖြစ်အောင် စည်းကမ်းတင်းကြပ်ဖို့ ခရီးသည်တွေက လိုလားကြပါတယ်။
2020-06-11
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးလို အလုပ်တာဝန် မျိုးကို အများစုက အမျိုးသားတွေရဲ့ တာဝန်လို့ အများက ယူဆတတ်ကြပါတယ်။ ချင်းပြည်နယ်(ဖလမ်းမြို့နယ်) ဗားလုံကျေးရွာမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ဒေါ်ထောင်းနောန်ကတော့ ရာအိမ်မှူး တာဝန်ယူထားပါတယ်။
2020-06-10
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) နဲ့ တရားစွဲခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က လူငယ် ၃ ဦးကို ဖျာပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ မနေ့က ချမှတ်ခဲ့တဲ့အတွက် မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
2020-06-10
သတင်းအမှားတွေကို ချေဖျက်ဖို့အတွက် Facebook ကို သုံးသွားမယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြောကြားချက်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက သံသယရှိနေပါတယ်။ နိုင်ငံတကာဖိအားတွေများလာချိန်မှာ ပြည်တွင်း ထောက်ခံမှုရအောင် ဝါဒဖြန့်ဖို့ မြန်မာစစ်တပ်ကအသုံးပြုတာလို့ ပြောဆိုခဲ့ကြတာပါ။
2020-06-09
မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ထဲမှာ တရုတ် နိုင်ငံဆီက ချေးငွေ လေးဘီလီယံကျော်ရှိတဲ့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ခန့် ပြန်လည်ပေးဆပ်နေရပြီး အစိုးရနဲ့ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးနဲ့ အကျပ်အတည်းဖြစ်နေတယ်လို့ လေ့လာ သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-06-08
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားက ငွေချေးရာမှာ အတိုးနှုန်းမြင့်မားတဲ့ တရုတ်နိုင်ငံက ချေးငွေမျိုးကို သတိထားဖို့လိုတယ်လို့ မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရချေးငွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။