သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-13
ဖားကန်မြို့နယ်၊ လုံးခင်းက ဝှေခါ ကျောက်စိမ်းတွင်းပြိုကျလို့ လူ နှစ်ရာကျော် သေဆုံးဒဏ်ရာရခဲ့တဲ့ အခြေအနေမှန်ကိုဖေါ်ထုတ်ဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တကယ့်အခြေအနေမှန်တွေကို သိအောင်မကြိုးစားဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
2020-07-13
နှစ်နှစ်တစ်ခါ နိုင်ငံအသီးသီးမှာကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံပတ်သက်ပြီး ကမ္ဘာအရပ်ရပ်သုတေသနပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတာတွေ ပြသတဲ့ပွဲကို ဒီနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုက မြောက်ပိုင်းအီလီနွိုင်းတက္ကသိုလ်မှာ အွန်လိုင်းကနေ ကျင်းပနေပါတယ်။
2020-07-12
ရခိုင်အမျိုးသားပါတီ ANP က နုတ်ထွက်ခွင့်တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ပါတီကနေ နုတ်ထွက်ခွင့် မရသေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တခြားနိုင်ငံရေးပါတီကနေ ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်ယှဉ်ပြို င်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
2020-07-11
တစ်ချိန်က ကျော်ကြားခဲ့တဲ့ အကယ်ဒမီ ငါးထပ်ကွမ်း မင်းသားကြီး ဦးကျော်ဟိန်းဟာ ဦးကိတ္တိသာရ ဆိုတဲ့ရဟန်းဘဝနဲ့ သြစတေးလျနိုင်ငံ ကန်ဘာရာမြို့မှာ စနေနေ့က ကွယ်လွန်သွားပါတယ်။
2020-07-11
ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးနိုင်ရေးအတွက် အစိုးရနဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။ ကယား ပြည်နယ်က ကျောင်းတွေမှာတော့ ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ထားပေမယ့် လိုအပ်ချက်တွေရှိနေပါတယ်။
2020-07-09
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနေ့က နွားကျောင်းရင်းကနေ မိုင်းနင်းမိတဲ့ဒေသခံအရပ်သားတစ်ဦးဟာ စစ်တွေဆေးရုံမှာ ဇူလိုင် ၉ ရက် ဒီမနက်မှာ ကွယ်လွန်သွားပါတယ်။
2020-07-09
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ပေးဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ပေးဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆို လိုက်ပါတယ်။
2020-07-09
၂၀၀၈ အခြေခံဥပဒေအရ သမ္မတဟာ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခွင့်ရပြီး အဲဒီကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို စစ်ဆေးနိုင်တဲ့ခုံရုံးကို ဖွဲ့စည်းခွင့်ရထားပါတယ်။ ဒါ့အပြင် ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေနဲ့ ပတ်သက်ရင်လည်း ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတွက် ကော်မရှင် ရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်ဟာ သမ္မတနဲ့ အာဏာရပါတီရဲ့ အောက်ကိုရောက်နေတယ်ဆိုတဲ့ ထောက်ပြချက်တွေ ရှိနေပါတယ်။
2020-07-08
တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နေပြည်တော်မှာ နှစ်ရက်ကြာကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်း အဝေးဟာ ထူးခြားတဲ့ သဘောတူညီချက် တစ်စုံတစ်ရာပေါ်ထွက်ခြင်းမရှိဘဲ မနေ့က ပြီးဆုံးသွားပါတယ်။
2020-07-07
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ နှစ်စဉ်နှစ်တိုင်း မြေပြိုကျမှုတွေဖြစ်နေပြီး လူသေဆုံးမှုတွေလည်းရှိနေပါတယ်။
2020-07-06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စီတာပူစစ်ဘေးဒုက္ခသည်စခန်းက အိမ်ထောင်စု ၁ဝ စုရှိတဲ့ ဒုက္ခသည် စုစုပေါင်း အယောက် ၆ဝ ကို အစိုးရနဲ့ ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ KHCC တို့ ပူးပေါင်းပြီး ပထမဆုံးအသုတ်အနေနဲ့ ဇူလိုင်လ ၄ ရက်နေ့က နေရပ်ပြန်ပို့ခဲ့ပါတယ်။
2020-07-06
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်က ကုန်သွယ်ရေးလုပ်နေတဲ့ လှေဂိတ် ၃၃ ဂိတ်ကို ဒီနေ့ပြန်ဖွင့်မယ်လို့သိရပါတယ်။
2020-07-05
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ စစ်ခုံရုံးနဲ့ အရေးယူလိုက်တယ်ဆိုတာဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ပတ်သက်လို့ ရှောင်လွှဲတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆောင်းပါးတစ်စောင်ရေးပြီး ထောက်ပြလိုက်ပါတယ်။
2020-07-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာမှာ မြေစာပုံပြိုကျမှုကြောင့် လူနှစ်ရာနီးပါး အသက်ဆုံးရှုံးရတဲ့အရေးမှာ တာဝန်ယူဖြေရှင်းမှုမရှိဘဲ အစိုးရအဖွဲ့က လျစ်လျူရှုနေတယ်လို့ ဝေဖန်နေကြပါတယ်။
2020-07-02
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဝှေခါကျေးရွာမှာ ဇူလိုင် ၂ ရက် မနက်က မြေစာပုံ ပြိုကျတဲ့အတွက် ရေမဆေးကျောက်တူးသမား နှစ်ရာဝန်းကျင် မြေစာပုံပိပြီး သေဆုံးခဲ့ပါတယ်။ မနေ့က ညနေအထိ သေဆုံးသူ ၁၆၂ ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကိစ္စဘာကြောင့် ဘယ်လိုဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။