သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-21
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကားသုံးစွဲမှု သိသိသာသာ များလာနေပါတယ်။ အဲ့ဒါကြောင့် ကားအပိုပစ္စည်းဈေးကွက်ကလည်း အရင်ကထက် ပိုပြီး ကြီးမားလာပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံး အသုံးပြုနေတဲ့ ကားအပိုပစ္စည်းတွေကတော့ တရုတ်နိုင်ငံကပါ။
2020-08-21
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ထားတာ လေးလကျော်ရှိခဲ့ပါပြီ။ ဒါကြောင့် ဒီလေးလအတွင်း နယ်စပ် ကုန်သွယ်ရေးကရရှိတဲ့ တိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းလေးဆယ်နီးပါး ထိခိုက်နစ်နာနေရပါတယ်။
2020-08-21
ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့နယ် ကလေး-တီးတိန်-ဖလမ်း ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို ဖြတ်သွားတဲ့ ကားတွေဟာ ရွာတွေထဲမှာ ကားကို ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်တာ၊ အရှိန်မလျှော့ဘဲ မောင်းနှင်တာတွေကြောင့် ဒေသခံတွေ ထိခိုက်မှုတွေရှိနေပါတယ်။
2020-08-21
၂၁ ရာစုပင်လုံညီလာခံ ဒီနေ့ တတိယနေ့မြောက်နေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးအတွက် လမ်းညွှန်ချက်တွေပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။
2020-08-21
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုဗိုင်းရပ်စ်ပိုးတွေ့လူနာ ဒီနေ့တစ်ရက်ထဲမှာ (၁၀) ဦး ထပ်တွေ့ခဲ့ပြီး တပတ်အတွင်း ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့လူနာ (၁၉) ဦး အထိ ရှိလာပါတယ်။
2020-08-21
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာလမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ရုန်းကန်နေရချိန်မှာ နောက်ခံပါတီမရှိတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအတွက် စိန်ခေါ်မှုက ပိုကြီးမားနေပါတယ်။
2020-08-21
မြန်မာနိုင်ငံမှာ ကူးစက်နှုန်း ၁၀ ဆ မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးစိတ်သစ်ကို တွေ့ရှိထားပြီး တခြားနိုင်ငံတွေလို ဒုတိယအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့လာနိုင်တဲ့အတွက် ကပ်ဘေးကာလ ညွှန်ကြားချက်တွေနဲ့ အညီ ဂရုစိုက် သွားလာနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
2020-08-21
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင် ဦးဆောင်တဲ့ ပြည်နယ်အဆင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ဆယ်ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2020-08-21
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တခြားဝန်ကြီးတစ်ဦးကို ဒီကနေ့မနက်က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ကိုပြည်စိုးထွန်းက RFA ကိုပြောပါတယ်။
2020-08-21
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်းမှာ သြဂုတ်လ ၂၀ ရက်နေ့ မနေ့ ညနေပိုင်းက မီးလောင်ခဲ့ရာမှာ ၄၅ ရက်သားအရွယ် မိန်းကလေး သေဆုံးပြီး ဒုက္ခသည်လိုင်းခန်း ခုနှစ်ခန်း မီးထဲပါသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2020-08-21
ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ကရင်အာဇာနည့်နေ့ အခမ်းအနားကြောင့် ထောင် ၁၅ ရက် ချမှတ်ခံခဲ့ရတဲ့အပေါ် အပြစ်မရှိကြောင်းပြင်ဆင်ပေးဖို့ လျှောက်လွှဲချက်ကို ပြည်ထောင်စုတရားလွှတ်တော်ကို မနေ့က ဒေါ်နော်အုန်းလှ ကိုယ်တိုင်သွားတင်ပြပေမယ့် ပယ်ချခံလိုက်ရပါတယ်။
2020-08-20
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်မှုနဲ့ ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက သူ့အနေနဲ့ တရားဥပဒေချိုးဖောက်တဲ့လုပ်ရပ် တစုံတခုကို ဆောင်ရွက်လုပ်ကိုင်ခဲ့ခြင်း မရှိဘူးလို့ RFA ကို ပြောကြားခဲ့ပါတယ်။
2020-08-20
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်းမှာ မနေ့ည နေ ၆နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ မွတ်စလင် ဒုက္ခသည်တွေကို နေရာချထားတဲ့ လိုင်းခန်းတွေထဲက အိမ်ခန်း ၇၀ကျော် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
2020-08-20
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းတံတားအနီးမှာ ဒေသခံတွေရဲ့ ငါးဖမ်းလှေတစ်စီးကို တံတားမှာ နေရာယူထားတဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်၊ ဗုံးသီးတွေနဲ့ ပစ်ခတ်လို့ လှေပေါ် ပါလာတဲ့ အရပ်သားနှစ်ဦးဒဏ်ရာရပြီး အဲဒီအထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2020-08-20
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ပေါ်က အစ္စလာမ်ဘာသာဝင် ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ မာမတ်အာယက်ဟာ အခုနှစ် ၁၀ တန်းကို ၆ ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ အိပ်မက်ကတော့ ဆေးကျောင်းတက်ခွင့်ရဖို့ဖြစ်ပြီး ဆရာဝန်ဖြစ်တဲ့တစ်နေ့ကျရင် လူမျိုးဘာသာမရွေးကို ဆေးကုသပေးချင်တာလို့ RFA ကိုပြောပါတယ်။