သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-20
မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က ရွှေထွက်တဲ့ဒေသတွေမှာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်မှာ ဘီးလင်းချောင်းတစ်လျှောက် နယ်လှည့် ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိလာနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2013-12-20
အခုသီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါ သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်က ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို သိရှိဖို့အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားတွေ၊ မွတ်စလင် ဒုက္ခသည်တွေနဲ့ မကြာခဏ ဆိုသလို သွားရောက်တွေ့ဆုံနေကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-12-20
"အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့" အထိမ်းအမှတ် အခမ်းအနားကို မနေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-12-20
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ် တင်ဆက်ထားပါတယ်။
2013-12-20
မြန်မာနိုင်ငံတဝှမ်းမှာ ဝိုင်ဖိုင်စနစ်သုံးပြီး ကြည့်ရှုနိုင်မယ့် စာကြည့်တိုက် ၁ဝဝ ကိုလာမယ့် ဇန်နဝါရီလအတွင်း တပ်ဆင်ဖွင့်လှစ်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာ သီတာတင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-12-20
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ဆိုင်ရာကိစ္စတွေကို တစ်နေရာတည်းမှာ အပြီးဆောင်ရွက်ပေးမယ့်ဌာနတွေ ဒီလအတွင်း ဖွင့်လှစ်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။
2013-12-20
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ က မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ နောက်တစ်ဦးကို ကြာသပတေးနေ့ မနေ့က ဖမ်းဆီးမိခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ က ပြောပါတယ်။
2013-12-19
ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) လို့ အမည်ပေးထားတဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ ၃ ရက်ကြာ ပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
2013-12-19
အခုအခါမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန်၊ ကိုးရီးယားစတဲ့ နိုင်ငံ ၁၅ နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ တရားဝင် မှတ်ပုံတင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား အားလုံးပေါင်း ၁၈ သိန်းရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားလိုက်ပါတယ်။
2013-12-19
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Patrick ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီး ၃ ရက်ကြာခရီးစဉ် အတွင်း စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လည်ပတ်မယ်လို့ ပြောပါတယ်။
2013-12-19
မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ လက်ရှိအချိန်ထိ ဆုကြေးငွေ မြန်မာ ကျပ်ငွေ သိန်း ၁၂၀၀ ကျော်ရရှိနေပြီလို့ အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေး က RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။
2013-12-19
အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေချပေးတာနဲ့ ပတ်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက်ထက် ပိုများနေတယ် လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
2013-12-18
ဒေါ်အောင်ဆန်းစုကြည်က မိမိဂုဏ်သိက္ခာ ကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြုပြင်ပဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို ဝင်မှာမဟုတ်ဘူးလို့ သာယာဝတီမြို့မှာ ပြောခဲ့တာကို တချို့က ဒါဟာလာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်လိမ့်မယ်လို့ ရည်ညွန်းပြောဆို တာဖြစ်နိုင်ကြောင်း ယူဆနေကြတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒါဟာတဖက်သတ်အပေါ်စီး ကနေ ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုစိတ်ရှိသူတွေကို ရည်ညွန်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်ပါတယ်။
2013-12-18
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ပံ့ပိုးမှုကွန်ရက်အဖွဲ့က ဦးဆောင်ပြီး ဒီကနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။
2013-12-18
ပဲခူးတိုင်း ပေါင်းတည်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မိတ္တီလာမြို့ အခြေစိုက် ပြည်သူ့အကျိူးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ ၃ ဦးကို အထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကို စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ဒီကနေ့ ပြောပါတယ်။