သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-06
လက်ဖက် တောင်သူတွေဟာ ဒီနှစ် လက်ဖက်ရာသီမှာ လက်ဖက်ဈေးကွက် ပျက်ပြီး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီး တအောင်း ခေါ် ပလောင် အလုပ်အဖွဲ့က အစီရင်ခံစာတစောင် ဒီကနေ့ ဇွန်လ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2011-06-06
၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်တွေရဲ့ လူမှု ပညာရေး အထောက်အကူပြု အစီအစဉ် တရပ်အနေနဲ့ ရွှေပြည်သာ ပညာဒါနကျောင်းမှာ ပညာသင်နေကြတဲ့ ကျောင်းသား လူငယ်တွေ အတွက် ဗလာစာအုပ် လှူဒါန်းတဲ့အခမ်းအနားကို မနေ့က မနက်က အဲဒီ ရွှေပြည်သာ ပညာဒါနကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
2011-06-06
မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် စွန့်လွှတ် အနစ်နာခံ လှုပ်ရှားဆောင်ရွက်နေကြရင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ပေး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချီးမြှင့်ပေးအပ်တဲ့ အညတြ သူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2011-06-05
နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး ဆုတောင်းပွဲတခုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှာ ဒီကနေ့မနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြပါတယ်။
2011-06-05
နိုင်ငံရေးပါတီတချို့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ကြောင့် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက လူနှစ်ရာ ဝန်းကျင်လောက် စုရုံးခဲ့ပြီး ရဲနဲ့လုံထိန်းတွေ၊ အရပ်ဝတ် လုံခြုံရေး ဝန်ထမ်းတွေ ရောက်ရှိလာတယ်လို့ သိရပါတယ်။
2011-06-05
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့အတွက် ၁၂ နှစ် အရွယ် ကလေးတဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
2011-06-05
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အကြိမ် (၁ဝဝ) မြောက် ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေ ရာမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။
2011-06-05
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အမေရိကန်အထက်လွှတ်တော် အမတ် John McCain မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ ကိစ္စနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အလား အလာတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-06-04
ဦးသိန်းစိန်အစိုးရဟာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်ဖို့ထက် သူတို့အစိုးရကို ထောက်ခံအားပေးမယ့် ကမ္ဘာ့ အင်အားကြီး နိုင်ငံကို ရှာဖွေနေတာပဲ ဖြစ်တယ်လို့ NLD ခေါင်းဆောင်တဦး ဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
2011-06-04
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးအဖွဲ့က သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူးလို့ သိရပါတယ်။
2011-06-04
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရွှေအတိနဲ့ သွန်းလောင်းထားတဲ့ ရှေးဟောင်းဘုရား ရုပ်ထုတဆူကို မေလ ၃ဝ ရက်နေ့က တူးဖော် တွေ့ရှိတယ်လို့ သတင်း ရရှိပါတယ်။
2011-06-04
မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုလုပ်ငန်းတွေမှာ ရောင်းစား ခံရတဲ့ အမျိုးသမီး အများစုဟာ တရုတ်ပြည်မှာ အလုပ်အကိုင်ရမယ်လို့ လှည့်ဖြားခေါ်ဆောင်ခံရပြီး နောက်ပိုင်းမှာ တရုတ် လူမျိုးတဦးရဲ့ သတို့သမီးအဖြစ် ရောင်းစားခံရတာမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဌာနက ထုတ်ဝေတဲ့ IRIN စာစောင်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။
2011-06-04
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ သုံးရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ကြည့်ရင် မြန်မာအစိုးရဟာ အမေရိကန်နဲ့ မြန်မာအကြား ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးပမ်းရင်း တဘက်မှာလည်း တရုတ်နိုင်ငံရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက် ထိန်းထားလိုကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ဆိုပါတယ်။
2011-06-04
မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ ခရီးစဉ်အပြီး မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပိုကောင်းဖို့ဆိုရင် လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2011-06-03
မန္တလေးတိုင်း မြင်းခြံခရိုင် အတွင်းမှာ စက်မှုဇုံ တည်ဆောက်မယ်ဆိုပြီး အာဏာပိုင်တွေက ဆည်ရေသောက် လယ်ယာမြေ ဧက ၆ ထောင်ခန့် ကို အဓမ္မ ဖယ်ခိုင်းတဲ့အတွက် ရွာ ၅၁ ရွာရှိတဲ့ အနက် ရွှေဘုံသာရွာက လယ်သမားကြီး ၅၁ ယောက်က ဘိုးဘွားပိုင်မြေမို့ မဖယ်ပေးဘဲ ကန့်ကွက်ခဲ့သလို အမျိုးသမီးတချို့ကလဲ မြေတူးစက်တွေ ရှေ့မှာ ပိတ်ဆို့ မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။