သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-24
ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ နှုတ်ခွန်းဆက်ဖို့ စီစဉ်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-05-24
“စစ်ပွဲတွေအတွင်း အမျိုးသမီးများ အဓမ္မ ကျင့်ခံရမှု ပပျောက်ရေး ”ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ် Montebello အပန်းဖြေ စခန်းမှာ ကျင်းပခဲ့ရာမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2011-05-24
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်နဲ့ တခြား တိုင်းရင်းသားတွေမှာ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေတွေကို အီးယူဥရောပ ခေါင်းဆောင်တွေအနေနဲ့ လျစ်လျူရှုမနေပဲ လူသိရှင်ကြား ဆောင်ရွက်ပေးဖို့ ဥရောပ ပါလီမန်အမတ်တွေက မေလ ၂၃ ရက် မနေ့က တိုက်တွန်း လိုက်ကြပါတယ်။
2011-05-24
ရန်ကုန် အင်းစိန်ထောင်တွင်းက အကျဉ်းသား ရပိုင်ခွင့်အတွက် တောင်းဆိုနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဆန္ဒပြမှုကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ သိရှိပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာအစိုးရကို ဖိအားပေး တိုက်တွန်းကြဖို့ USCB လို့ ခေါ်တဲ့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က မေလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-05-24
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၂ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N တို့ ပူးပေါင်းသွားကြပြီလို့ သိရပါတယ်။
2011-05-23
ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ ပညာဒါန သင်တန်းကျောင်းတခုကို အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ စုံစမ်းသိရပါတယ်။
2011-05-23
အလင်းနဲ့ရေးတဲ့ပန်းချီ ဓာတ်ပုံပြပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဂုံတိုင်ဌာနချုပ်မှာ မေလ ၂၃ ရက် ဒီကနေ့ ဖွင့်လှစ် ပြသခဲ့ပါတယ်။ ဒီပြပွဲရဲ့အဓိက ရည်ရွယ်ချက်က ဓာတ်ပုံပညာရှင် ကွန်ရက်သဘောမျိုး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ခြေလှမ်း စတင်လိုက်တာ ဖြစ်တယ်လို့ ပြပွဲစီစဉ်တဲ့ NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောပါတယ်။
2011-05-23
ရန်ကုန်၊ အင်းစိန်ထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတချို့ မေလ ၂၃ ရက် ဒီကနေ့ အထိ ဆန္ဒပြနေကြတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2011-05-23
အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေ အပါအဝင် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တားမြစ်ပေးဖို့ လက်ရှိအစိုးရက ဆောင်ရွက်မှု မရှိသေးဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တာနားက မေလ ၂၃ ရက် ဒီကနေ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2011-05-22
စက်မှုဇုံ ထူထောင်ဖို့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီ က မတန်တဆ ဈေးနှိမ်ပြီး ဝယ်ယူတာကို မရောင်းဘဲ တင်းခံနေတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်ရပြီလို့ စုံစမ်းသိရပါတယ်။
2011-05-22
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ရန်ကုန် တောင်ဒဂုံမြို့နယ် အောင်ဘောဂ စေတီမှာ အင်္ဂါ ဝတ်ပြုဆုတောင်း အဖွဲ့က ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2011-05-22
မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ဆိုရင် ‘Burma’ ဆိုတဲ့ အခေါ်အဝေါ် အစား နိုင်ငံရဲ့ တရားဝင် နာမည်ဖြစ်တဲ့ ‘မြန်မာ’ ကို သုံးစွဲတာမျိုးက အစ ယုံကြည်မှု တည်ဆောက်ကြဖို့ လိုမယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။
2011-05-22
ဇွန်လ ၁ ရက်နေ့မှာ ဖွင့်မယ့် မြန်မာနိုင်ငံတဝှမ်းက အခြေခံပညာ ကျောင်းတွေမှာ မနေ့က စပြီး ကျောင်းသား လက်ခံနေပေမယ့် ဆင်းရဲချို့တဲ့မှုကြောင့် ကလေးအတော်များများ ကျောင်းမအပ်နိုင်ကြဘူးလို့ စုံစမ်း သိရပါတယ်။
2011-05-22
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ဟာ ချင်းပြည်နယ်မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး ချင်း ပြည်နယ် အာဏာပိုင်တွေကို မေလ ၁၈ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာကို ကြိုဆို ကြောင်း CHRO ခေါ် ချင်း လူ့အခွင့်အရေး အဖွဲ့က မေ ၂၁ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2011-05-22
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့တဲ့အတွက် ပြည်တွင်းပြည်ပမှာ ဝေန်ပြောဆိုတာတွေ ရှိနေသလို မကြာခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းကျဆဲ အကျဉ်းသားတွေရဲ့ မိသားစုတွေ ကပါ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုနေကြပါတယ်။