သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်း ခဲ့တဲ့ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ညနေပိုင်း က ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ နှစ်နာရီ ကြာ ပြုလုပ်ခဲ့ပါတယ်။
2013-03-29
ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက် ချိုးဖေါက်နေတာကြောင့် သူတို့သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။
2013-03-29
လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။
2013-03-29
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာ အစည်းအဝေးကို ဒီကနေ့မနက်က စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။
2013-03-28
လာမယ့် မေလ မုတ်သုန်ရာသီမစခင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရာရွှေ့ပြောင်းခံရသူ တစ်သိန်းခွဲနီးပါး အတွက် အရေးပေါ်အကူအညီ အစီအမံတွေ အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
2013-03-28
မိတ္ထီလာအရေး အခင်းအပါအဝင် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးညွှန်ကြားလိုက်ပါတယ်။
2013-03-28
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အဓိကရုဏ်းတွေ ငြိမ်းအေးစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်း ဆောင်တွေ စုပေါင်းပြီး Pray For Myanmar ခေါင်းစဉ်နဲ့ တရားဟောဆုတောင်းပွဲတစ်ရပ်ကို ဒီကနေ့ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2013-03-28
ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးဟာ မတ်လ၂၅ရက်နေ့ ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက်ဆုံးနေတယ်ဆိုတာကို တစုံတရာ စုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
2013-03-28
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံ ၅၀၀ လောက်ဟာ သက် ဆိုင်ရာ အာဏာပိုင်တွေဆီမှာ တရားဝင်ခွင့်ပြုချက်ရယူပြီး ဒီကနေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
2013-03-28
မိတ္တီလာမြို့ အဓိကရုဏ်းကနေတဆင့် ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေမယ့် ကောလဟလကြောင့် စိုးရိမ်ပူပန်နေတဲ့ အပြစ်မဲ့ပြည်သူတွေအချင်းချင်း လက်ဦးမှုယူပြီး တိုက်ခိုက်တာမျိုးတွေ မဖြစ်စေချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသိပေးပြောကြားလိုက်ပါတယ်။
2013-03-28
ရန်ကုန်မြို့နဲ့ မိုင် ၁၀၀ ကျော်လောက် သာဝေးတဲ့ ရန်ကုန်-ပြည် ကားလမ်း တလျှောက်မှာရှိတဲ့ ပဲခူးတိုင်းမြို့နယ်အချို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေနဲ့ နေအိမ်တွေကို ဒီကနေ့မှာလည်း အကြမ်းဖက်ဖြိုဖျက်ခဲ့ကြတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-03-28
မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ အသက်အိုးအိမ် လုံခြုံဖို့အတွက် အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့နဲ့ ဒေသအနှံ့ မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို ဟန့်တားပေးဖို့ အတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကနေ ဒီကနေ့မှာ သမ္မတဦးသိန်းစိန်ထံ စာတစ်စောင် ပေးပို့ခဲ့ ပါတယ်။
2013-03-28
နိုင်ငံ့အရေး လုပ်ဆောင်ကြရာမှာ ဆင်ခြင်တုံ တရားရှိဖို့နဲ့ အားလုံးနဲ့ လက်တွဲအလုပ်လုပ်နိုင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2013-03-27
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေး အခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလို မလိုလားအပ်တဲ့ အရေးအခင်းကြီး တစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပ ကလူတွေပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကို ပြောဆို ပါတယ်။
2013-03-27
ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့မှာ မနေ့နေ့လည်က အကြမ်းဖက်သမားတွေက ဗလီ ၁ ခု၊ နေအိမ်နဲ့ ဈေးဆိုင်တွေ စုစုပေါင်း ၂ဝ ကျော် ဖျက် ဆီးလိုက်ပါတယ်။