သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-08
တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။
2013-04-08
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေကို ဒီနေ့မှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် မှာ ပြန်လည်စတင်လိုက်ပါတယ်။
2013-04-08
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ရာမှာ မမှန်မကန် လိမ်လည် စွပ်စွဲတယ်ဆိုပြီး ပုဒ်မ ၂၁၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ဒေသခံ ဦးဘရန်ရှောင်ကို ဖားကန့်မြို့နယ် တရားရုံးက ဒီကနေ့မှာ ငွေကျပ် ၆ သိန်းနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။
2013-04-08
တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ရေရှည်ပညာရေးနဲ့ ကျန်းမာရေး စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့အတွက် ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်းက ရေရှည်အကူအညီပေးသွား မယ်လို့ သဘောတူလိုက်ကြောင်း တိုင်းရင်းသားလက်နက် ကိုင်တပ်ပေါင်းစုဖြစ်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC က ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
2013-04-08
ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့ အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက RFA ကို ပြော ပါတယ်။
2013-04-08
ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ဖြစ်မြောက်ရေး ကော်မတီဝင် ကိုရဲမင်းဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ဧပြီလ ၄ ရက်နေ့ ရုံးထုတ်စစ်ဆေးခဲ့စဉ်က သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့သူ ၄ ဦးကို အာဏာပိုင်တွေက တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ စွပ်စွဲအမှုဖွင့်ထားပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှာ မနေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2013-04-07
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင် ဂျာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ် လို့ မောင်တောခရိုင်အခြေစိုက် နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2013-04-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ တောကျောင်းကျေးရွာ က ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်းချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-04-07
စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာမိန်းကလေးတွေ ဟာ ကာလကြာရှည် လုပ်ခလစာမရ တာကြောင့် အလုပ်ကထွက်ပြေးသူတွေ များပြားလာနေ တယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
2013-04-07
မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထား တဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2013-04-07
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ ဧပြီလ ၁ ရက်နေ့ စတင်ထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ ဒေါ်ခင်ပန်နှင်းနဲ့ The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ရဲ့ အတွေ့အကြုံနဲ့ ခံယူချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-04-06
မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ "ကယန်းအလှ" ရုပ်ရှင်ဇတ်ကားနဲ့ ဆုရရှိခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ်ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-04-06
၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် အမှုထမ်းခဲ့တဲ့ ဦးသန့် နောက်ဆုံးနေ ခဲ့တဲ့ နေအိမ်ကို ဦးသန့်ပြတိုက်အဖြစ် ဒီနေ့မှာ စတင်ဖွင့်လှစ် လိုက်ပါတယ်။
2013-04-06
လွန်ခဲ့တဲ့ ၈ နှစ်က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံကျော် သမိုင်းသုတေသီ ဒေါက်တာ သန်းထွန်းရဲ့ အသက် ၉၀ ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ် ဖိုးစိန်လမ်းက စားသောက်ဆိုင် တစ်ဆိုင်မှာ ဒီကနေ့က ကျင်းပခဲ့ပါတယ်။
2013-04-06
လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ မြန်မာနိုင်ငံ မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကယန်း တိုင်းရင်းသားလူမျိူးနဲ့ ယဉ်ကျေးမှု အကြောင်းတွေကို ရိုက်ကူးထားတဲ့ ကယန်းအလှ Kayan Beauties ဆိုတဲ့ ရုပ်ရှင်ဇတ်ကားဟာ မတ်လ ၂၈ နဲ့ ၃၁ ရက်နေ့ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပါတယ်။