သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-08
လာမယ့် နိုင်ဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို RFA က အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။
2013-02-07
"အစိုးရကောင်း အစိုးရသန့်" ဖြစ်ရေးကြွေးကြော်ထား တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ တာဝန်ယူချိန်ကစပြီး အခုထိ အကျင့်ပျက် ဝန်ထမ်းပေါင်း တစ်သောင်း ခုနစ်ထောင်လောက် အရေးယူခဲ့တယ်လို့ သိရပါ တယ်။
2013-02-07
ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ် ဓါတ်အား ရောင်းချပေးတော့ မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အား ကို မြဝတီမြို့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီက မြဝတီမြို့မှာ ဖြန့်ဖြူးရောင်းချမှာဖြစ်ပါတယ်။
2013-02-07
ကိုဂျင်မီရဲ့ "ကမ္ဘာမကြေ မြန်မာပြည်" အစီအစဉ် ဖြစ်ပါတယ်။
2013-02-07
အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။
2013-02-07
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။
2013-02-07
ဇန်နဝါရီလ ၂၄ ရက်နေ့ ကနေစတင်ပြီး အငြင်းပွား လယ်ယာမြေတွေနားမှာ ကင်းတဲတွေတည်ဆောက်ပြီး ကင်းစောင့်နေခြင်း၊ လုံခြုံရေးတဲတွေကို ဝင်ရောက် စီးနင်းထားခြင်း စတဲ့ကိစ္စရပ်တွေနဲ့ လယ်သမား အရေး ဆောင်ရွက်သူ ဦးနေမျိုးေ၀ အပါဝင် ၇ ဦး ကို ဇေကမ္ဘာကုမ္ပဏီကနေ မင်္ဂလာဒုံမြို့နယ် ရဲစခန်းနဲ့ ထောက်ကြံ့ရဲစခန်းတွေမှာ တရားမဝင် ဝင်ရောက်ကျူးကျော်နေထိုင်မှုနဲ့ အမှုဖွင့်ထားတယ် လို့ ဇေကမ္ဘာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမြင့်ဇော် က RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-02-07
မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး Mr. Murat Yavuz Ates နဲ့ တူရကီ လခြမ်းနီအသင်း ဒုတိယ ဥက္ကဌ Mr. Nihat Adiguzen တို့အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဆန်အိတ်ပေါင်း ၄ သောင်းကို ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့ပါတယ်။
2013-02-07
အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ စိစစ်လွှတ်ပေးဖို့အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဥက္ကဌအဖြစ် တာဝန်ယူဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။
2013-02-07
ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအဝင် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
2013-02-07
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့အဖွဲ့ဟာ မုံရွာမြို့က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။
2013-02-06
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က တပ်မတော်သားတွေအနေ နဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။
2013-02-06
သမ္မတ ဦးသိန်းစိန် က ဒုတိယဝန်ကြီးတွေ အသစ်ခန့်အပ်ခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အမတ်တစ်ဦး ပါဝင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NDF ပါတီက ကြိုတင်မသိရှိခဲ့ဘူးလို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။
2013-02-06
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ နမ့်ချီမှော်မှာ ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်နေသူတွေနဲ့ ဈေးရောင်းချနေသူ အားလုံးကို အဲဒီဒေသတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ လှုပ်ရှားတပ်တွေ က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မနေ့ကစပြီး ၄ ရက်အတွင်း အပြီးပြောင်းရွေ့ခိုင်းနေပါတယ်။
2013-02-06
မန္တလေး ဆေးတက္ကသိုလ်မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးသန်းဝင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၅၀၀ ကျော်ရှိကြောင်း ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။