သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-19
ဂျပန်နိုင်ငံမှာ ဒီကနေ့အထိ နောက်ဆက်တွဲ ငလျင်တွေ ဆက် လှုပ်နေသလို ဖူကူရှီးမားမြို့ အနုမြူ ဓာတ်အားပေးစက်ရုံမှာ ဓာတ်ငွေ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဂျပန်ရောက် နိုင်ငံခြားသားတွေ စိုးရိမ်ထိတ်လန့်ပြီး မိမိတို့ တိုင်းပြည်တွေကို အလုအယက် ပြန်နေကြပါတယ်။
2011-03-19
အခုနှစ် သြင်္ကန်ရေကစားမဏ္ဍပ်တွေမှာ ဗုံးရှာကိရိယာတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်တပ်ဆင်ပြီး လုံခြုံရေးတာဝန်ယူ ကြဖို့ ရန်ကုန်တိုင်းအေးချမ်းသာယာ ရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီ လုံခြုံရေး ညှိနှိုင်း အစည်းအဝေးက ညွန်ကြားခဲ့တယ်လို့ သိရပါတယ်။
2011-03-18
ဒီတပတ် လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ- `ထိုင်းဝန်ကြီးချုပ်နဲ့ တယ်လီဖုန်းပေါ်မှာ စကားပြောခွင့်ရတုန်းက ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာတွေကိစ္စကို ပြောခဲ့ပါတယ်။ ထပ်ပြီးလည်း တတ်နိုင်သမျှ ထိုင်းရောက် ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း အလုပ်သမားများအရေးကို သက်ဆိုင်သူတွေကို တင်ပြပါ့မယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်အနေနဲ့ ကူညီနိုင်မလား ဆိုတာကိုလည်း စုံစမ်းပေးပါ့မယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။
2011-03-18
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ကချင်ပြည်နယ်က စည်းရုံးရေး ကော်မတီဝင်တွေ၊ ကိုယ်စားလှယ်တွေ ပါတီဌာနချုပ်ရုံးမှာ မတ်လ ၁၈ ရက် ဒီကနေ့ အစည်းအဝေး ပြုလုပ်ခဲ့ကြရာ ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ၈ ဦးနဲ့ မြို့နယ် စည်းရုံးရေး ကော်မတီဝင် ၁၃ ဦး၊ စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ပါတယ်။
2011-03-18
မြန်မာစစ်အစိုးရလက်အောက် ရှင်သန်ရတဲ့ ဘဝအစုံစုံ ပြန်ပြောင်း ပြောပြထားတာတွေကို စုစည်းပြီး Nowhere to be Home (ဘယ်မှာမှ အိမ်မဟုတ်နိုင်) ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ မတ်လ ၁၇ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
2011-03-18
တရုတ်-မြန်မာနယ်စပ်မှာ ဆားဈေးနှုန်းတွေ မတ်လ ၁၇ ရက် မနေ့ကတည်းက ရုတ်တရက် ခုန်တက်နေရာ ဒီနေ့ မြန်မာနိုင်ငံ အထက်ပိုင်း ဗန်းမော်မြို့နဲ့ မြစ်ကြီးနားမြို့မှာလည်း ကောလာဟလ သတင်းတွေနဲ့ တရုတ်နယ်စပ်က အဝယ်များလာတာကြောင့် ဆားဈေးနှုန်းတွေ ၃ ဆ လောက် မြင့်တက်နေတယ်လို့ သိရပါတယ်။
2011-03-18
NLD အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီခေါင်းဆောင်တွေ မတ်လ ၁၇ ရက် မနေ့က တနာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2011-03-18
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယားနိုင်ငံ သမတ Elbegdorj က မတ်လ ၁၇ ရက် မနေ့ညက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေမှုတွေကို ထောက်ခံ အားပေး စကားပြောခဲ့တယ်လို့ မွန်ဂိုလီးယားနိုင်ငံ သမတရုံးက သတင်းထုတ်ပြန်ပါတယ်။
2011-03-17
ချောင်းကြက်သွန်၊ ကိုင်းကြက်သွန်တွေ တပြိုင်တည်း လှိုင်လှိုင်ထွက်လာချိန်မှာ ပြည်ပကို ကြက်သွန် တင်ပို့ခွင့် ပိတ်ပင်ထားတာမို့ ကြက်သွန်ဈေးတွေ ကျဆင်းနေတယ်လို့ စုံစမ်းသိရပါတယ်။
2011-03-17
ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့နဲ့ ဆက်သွယ်ပြီး လယ်သမားအရေးတွေ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ အောင်လံမြို့နယ်က လယ်သမားတချို့ကို သက်ဆိုင်ရာ မြေစာရင်း အာဏာပိုင်က လယ်လုပ်ခွင့် ကန့်သတ် ပိတ်ပင်ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-17
ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အောင် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ဗမာအစိုးရကို မယုံသလို၊ ဗမာအစိုးရက တိုင်းရင်းသားအရေးကို အလေးမထားဘူးလို့ ခံယူနေတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
2011-03-17
မြန်မာနိုင်ငံသား မဟုတ်တဲ့ အိန္ဒိယနိုင်ငံသား အသက်မပြည့်သေးတဲ့ နာဂကလေးငယ်တဦးကို မြန်မာစစ်တပ်က စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ အမှုကို ကူညီဆောင်ရွက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။
2011-03-17
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာမဲ့ သုံးလအတွင်း သွားရောက် စုံစမ်းနိုင်ဖို့ စီစဉ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က RFA ကို ဒီကနေ့ မတ်လ ၁၇ ရက်မှာ ပြောပါတယ်။
2011-03-16
မြန်မာနိုင်ငံက သဘာဝ စွမ်းအင်လောင်စာတွေကို တရုတ်ပြည်ကို ပေးပို့ဖို့အတွက် ရခိုင်ပြည်နယ်ကနေ ပိုက်လိုင်းသွယ်တန်းနေတဲ့ လုပ်ငန်းဟာ အခုအခါ ဧရာဝတီမြစ်ကို ဖြတ်သန်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
2011-03-16
ဒီကနေ့ မတ်လ ၁၆ ရက်ထုတ် စစ်အစိုးရ သတင်းစာတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက လွှတ်တော်အမတ် ဦးခိုင်မောင်ရီက လွှတ်တော်အတွင်းမှာ တင်သွင်းတဲ့အဆိုကို NDF ပါတီဝင် နောက် အမတ်တဦးဖြစ်တဲ့ ဦးကြီးမြင့်ကနေ ချေပ ပယ်ဖျက်လိုက်တာကို ဖော်ပြထားပါတယ်။