သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-03
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ တောင်သူလယ်သမား၊ အလုပ်သမားအရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတာကြောင့် ဒီကနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ကြိုတင်တွေ့ဆုံဆွေးနွေးတဲ့ပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေး စင်တာမှာ ကျင်းပခဲ့ပါတယ်။
2013-02-03
နေပြည်တော် ဒက္ခိဏသီရိ၊ ဇဗ္မူသီရိ နဲ့ ဥတ္တရသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။
2013-02-03
KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံ ဆွေးနွေး မယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက RFA ကို ပြောပါတယ်။
2013-02-03
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ကချင်နဲ့ မြန်မာအစိုးရ အပစ်ရပ်စဲရေးအပါအဝင် သမ္မတဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းပါအချက်အလက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးထားတာကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ပြထားပါတယ်။
2013-02-02
တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ တိုင်းသူပြည်သားတွေရဲ့မျက်နှာကို ထောက်ရမှာ ဖြစ်သလို အားကြီးတဲ့သူက အားနည်းတဲ့သူကို အလျှော့ပေးညှာတာပြီး ဆွေးနွေးဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။
2013-02-02
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပိုပြီးကောင်းမွန်လာဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ ရှေ့နေများ ကွန်ရက်အဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ တစ်ရပ်ကို ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာကော်မတီက ဦးဆောင်ပြီး ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-02-02
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ လမ်းလျှောက်တဲ့ အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိကြတယ်လို့ သိရပါတယ်။
2013-02-02
မြန်မာနိုင်ငံက လူကုန်ကူးမှု ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အထောက်အကူပြုစေမယ့် ကိစ္စရပ်တွေကို အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင် ရဲ့ အောင်ဖောင်ဒေးရှင်း ရုံးခန်းမှာ ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါ တယ်။
2013-02-02
ကိုယ်နဲ့မတူတဲ့ တွေးခေါ်မှုတွေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး နားလည်အောင် ကြိုးစား တတ်မှ မြန်မာနိုင်ငံအတွင်းမှာ ညီညွတ်မှုကို ရရှိနိုင်မှာ ဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ပြုလုပ်နေတဲ့ ဧရာဝတီ စာပေပွဲတော်မှာ ပြောကြားလိုက်ပါတယ်။
2013-02-02
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆောင်ခွဲ အရပ်မှာရှိတဲ့ အိုမီဂါ အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ဝဝ ကျော်ဟာ လုပ်အားခရရှိရေးအတွက် အလုပ်မဆင်းပဲ မနေ့ ညနေပိုင်းကနေ ဒီကနေ့ထိ ဆန္ဒပြနေကြတယ်လို့ RFA ကစုံစမ်းသိရပါတယ်။
2013-02-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။
2013-02-01
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ Air Bagan လေယာဉ်ပျက်ကျ ခဲ့ရတာဟာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဖြစ်ကြောင်း လေယာဉ်ပျက်ကျမူ စုံစမ်းစစ်ဆေးရေးအဖွဲ့က မနေ့က ပြောကြား လိုက်ပါတယ်။
2013-02-01
နိုင်ငံရေးပြဿနာကို အစိုးရနဲ့ ဆွေးနွေး အဖြေရှာနိုင်မယ်လို့ ယုံကြည်တာကြောင့် ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့ KIO အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ သဘောထား ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။
2013-02-01
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နဲ့ အတူ လက်တွဲလုပ်ဆောင်သွား မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။
2013-02-01
ပြည်ထောင်စုသမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အတွက် ပြည်သူ့လွှတ်တော်ကနေ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးမြသိန်း(အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)၊ တရားလွှတ်တော်ရှေ့နေ ဦးမြသိန်းနဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်လွင်တို့ ၃ ဦးကို ခုံရုံးအဖွဲ့မှာ ထည့်သွင်းခန့်အပ်သွားဖို့ နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ကြေညာခဲ့ပါတယ်။