သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-23
တိုင်းပြည်စီးပွားရေး ကောင်းလာရုံ တခုတည်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားရေးရာ အခွင့်အရေးတွေကို အလိုအလျောက် ဖြေရှင်း သွားနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
2012-11-23
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေ ကြတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ သပိတ်စခန်း ၆ခုအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဆက်ပြီးတိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။
2012-11-23
၈၈မျိုးဆက်ကျောင်းတွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်မှာ ဒီကနေ့ မြိတ်မြို့ခံ လူထု ၃ ထောင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲအခမ်းအနားမှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က လူမျိုး၊ ဘာသာမတူတဲ့ သူတွေ အတူတကွ နေထိုင်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း၊ ချစ်ချစ်ခင်ခင်နေထိုင်ကြဖို့ လိုအပ်တယ်လို့ မြိတ်မြို့က ဒေသခံပြည်သူတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။
2012-11-23
ကချင်ပြည်နယ် ပြည်သူ့တိုးတက်ရေးပါတီ PDP က ထုတ်ဝေတဲ့ စာစောင်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ချို့ အကျင့်ပျက်ချစားမှုတွေရှိကြောင်း ထုတ်ဝေခဲ့တာကြောင့် ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။
2012-11-23
နေပြည်တော်ကို ချီတက်ဆန္ဒပြနေကြတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ခေါင်းဆောင်လေးဦးကို ဒီကနေ့ မနက် ၉နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ ရေနီ စက္ကူစက်ရုံနားမှာ အာဏာပိုင်တွေက အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2012-11-23
သမ္မတ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ John Key နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-11-23
စစ်ကိုင်းရွာသစ်ကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်ကို ပြောင်းရွှေ့ လိုက်ရတဲ့ ကျောင်းသား ၄၀၀ကျော်လောက်ဟာ မန္တလေး ကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ စစ်ကိုင်းကနေ မန္တလေးကို မနေ့ညက ချီတက်ဆန္ဒပြကြပါတယ်။
2012-11-23
အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ ကြိုးစားလာတာဟာ မြန်မာနိုင်ငံပေါ် နှစ်ပေါင်းများစွာ စိန်ခေါ်သူမရှိ သြဇာလွှမ်းမိုးလာတဲ့ တရုတ်နိုင်ငံကို ခြိမ်းခြောက်ရာရောက်နေတယ်လို့ ပညာရှင်တွေက ရှုမြင်ကြပါတယ်။
2012-11-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key တို့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ညနေ ၄ နာရီခွဲက နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံ ခဲ့ပါတယ်။
2012-11-22
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား (၃ဝ) နီးပါးလောက်ဟာ ဒီကနေ့ မနက်ပိုင်းက လသာမြို့နယ်က ဝါဝါဝင်းကုမ္ပဏီရုံးရှေ့ကနေ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2012-11-22
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာမှာ ဒီလ ၉ ရက်နေ့က ဆီရထားတွဲ မှောက်ရာက မီးလောင်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ကန့်ဘလူဆေးရုံမှာ မနေ့ကအထိ ၁၀ ရက် အတွင်း သေဆုံးတဲ့လူနာပေါင်း ၃၁ ယောက် ရှိသွားပြီလို့သိရပါတယ်။ လောလောဆယ် ကျန်ရှိတဲ့လူနာက ၃၀ လောက် ရှိသေးတယ်လို့လည်း သိရပါတယ်။
2012-11-22
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁)ရပ်ကွက် မိုးကုတ်စက်ဝိုင်းကျောင်းတိုက်မှာ လာရောက်ပြီး အခမဲ့ဆေးကုသပေးနေရာမှာ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများပါသွားရောက် ဆေးကုသခံယူကြပါတယ်။
2012-11-22
ပြီးခဲ့တဲ့ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမှု ၅ မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ မနေ့က အပြီးသတ် အမိန့် ချမှတ်လိုက်ပါတယ်။
2012-11-22
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီ နည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
2012-11-21
မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ခေတ်မီ တိုးတက်ရေးအတွက် အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် (၈) ခု က ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေကြရာမှာ အင်ဒီယားနား ပြည်နယ် က Ball State တက္ကသိုလ်ကလည်း (၉) ခုမြောက်တက္ကသိုလ်အဖြစ် ပါဝင်လာခဲ့ပါတယ်။