သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-15
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာရေး အတွက် ခိုင်မာတဲ့ လုပ်ရပ်တွေ ချမှတ် ဆောင်ရွက်ပြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-09-15
ပြည်နယ် အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး ယာယီ သဘောတူညီချက် အပေါ် UWSA အရာရှိများ ပန်ဆန်းမြို့မှာ ဒီကနေ့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။
2011-09-15
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြင်တွေ့နေရပေမဲ့ ဒီအပြောင်းအလဲတွေ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ဖြစ်လာမလဲ ဆိုတာ လေ့လာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြင်သစ် သံအမတ်ကြီးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2011-09-15
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတရပ်ကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းက သဘင်ခမ်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အဖြစ် ဆက်လက် လျှောက်လှမ်းမယ့် အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2011-09-15
"ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါကျမ လူသိရှင်ကြားပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။"
2011-09-14
ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha နဲ့အဖွဲ့ဟာ မနေ့ညပိုင်းက မြန်မာနိုင်ငံကို ခရီးထွက်ခွာ သွားပါတယ်။
2011-09-14
မြန်မာက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပတဲ့ အသက် (၁၉) နှစ်အောက် အာဆီယံ လူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
2011-09-14
မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကို ဆက်ပြီး အကောင်အထည် ဖေါ်မည့်အကြောင်း အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းရဲ့ ပြောဆိုချက်ဟာ တာဝန်မဲ့မှုဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။
2011-09-14
သတင်းထောက် ကိုစည်သူဇေယျ ကို အီလက်ထရောနစ် ပုဒ်မ (၃၃-ခ) နဲ့ နောက်ထပ် ထောင်ဒဏ် (၁၀) နှစ် အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီကနေ့ ညနေက အမိန့်ချမှတ် လိုက်ပါတယ်။
2011-09-14
ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးတယ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
2011-09-13
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ခရီးသည်တွေရဲ့မှတ်ပုံတင်တွေကို စိစစ် တားဆီး ထိမ်းသိမ်းရာမှာ ဥပဒေ စည်းကမ်းနဲ့မညီညွတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်လို့ သိရပါတယ်။
2011-09-13
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာ အပါအဝင် နိုင်ငံ (၈) နိုင်ငံ ကို နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။
2011-09-13
မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ ပြောင်းလဲ တိုးတက်မှုတွေ ပေါ်ပေါက်မှသာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ မိမိတို့ အမေရိကန် အစိုးရအနေနဲ့ စဉ်းစားမှာ ဖြစ်ကြောင်း ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell က ဒီကနေ့ ပြောဆို လိုက်ပါတယ်။
2011-09-13
ဧရာဝတီမြစ်ကို ကာကွယ်ကြ Save the Irrawaddy ဆိုတဲ့ စာတမ်းတွေကို ဗကသများ ကျောင်းသား အဖွဲ့ချုပ်က ပြီးခဲ့တဲ့ (၄) ရက်အတွင်း ရန်ကုန် လူစည်ကားတဲ့ နေရာတွေမှာ လိုက်လံ ကပ်ခဲ့တယ်လို့ သိရပါတယ်။
2011-09-13
မြန်မာ အစိုးရသစ် အနေနဲ့ အခုနှစ် မေလက ကြေညာခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ၂ သောင်း နီးပါးကို လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။