သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-21
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ် အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
2012-05-21
တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း (CPI) ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ယာယီရပ်ဆိုင်းထားတယ်ဆိုတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်သက်ဝင်လှုပ်ရှားဖို့ နိုင်ငံတကာ ရေကာတာကြီးများ တည်ဆောက်ရေး လုပ်ငန်း ICOLD (အိုင်ကိုးဒ်) အကူအညီရယူဖို့ ကြိုးပမ်းနေတယ်လို့ KDNG ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2012-05-21
ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း လို့ လူသိများတဲ့ RCSS/SSA တောင်ပိုင်း အဖွဲ့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာမှာ ပထမဆုံးအကြိမ် ရှမ်းတော်လှန်ရေးနေ့ ဒီနေ့ စည်စည်ကားကားကျင်းပကြပါတယ်။
2012-05-21
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-05-20
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု တချို့ကို ဆိုင်းငံံ့ထားလိုက်တဲ့အပေါ် အမေရိကန် ကွန်ဂရက် လွှတ်တော်က ထင်ရှားတဲ့ အောက်လွှတ်တော် အမတ် သုံးဦးက စိုးရိမ်ပူပန်ကြောင်း ကြေညာချက် အသီးအသီး ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2012-05-20
တနင်္ဂနွေနေ့ ည ၇ နာရီလောက်က မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လမ်းလျှောက် လှည့်လည်ခဲ့သလို၊ လျှပ်စစ်မီးရရှိရေး တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
2012-05-20
နှစ်ပေါင်း ၂၄ နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်မှာ နော်ဝေး၊ ဗြိတိန်နိုင်ငံတို့အပြင် အိုင်ယာလန်နိုင်ငံလည်း ပါဝင်မှာ ဖြစ်ပါတယ်။
2012-05-20
ရုပ်ရှင်မင်းသားရဲတိုက် ထူထောင်တဲ့ ရဲတိုက်ဖောင်ဒေးရှင်းကနေ ကချင်စစ်ပြေးဒုက္ခသည်တွေ အတွက် အကူအညီ ထပ်မံပေးအပ်ခဲ့တယ်လို့ ဝိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့တဲ့ စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။
2012-05-20
လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက်စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထားကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။
2012-05-20
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ လက်နက်နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ ထူပြောလာတဲ့အတွက်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်မှာ စစ်တပ်တွေ တိုးချဖို့ မီဇိုရမ် ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
2012-05-19
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချုပ်မှာ စနေနေ့ မနက် ၉ နာရီက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ (၁၀) နာရီ ကျော်ကြာ ဆွေးနွေးခဲ့ကြပြီး အချက် (၁၂) ချက် သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
2012-05-19
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုး ကူညီသွားကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက စနေနေ့က ပြောလိုက်ပါတယ်။
2012-05-19
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဒေသခံတွေက ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေ အတွက် စာနာမှု အကူအညီအဖြစ် ကျပ်ငွေ ၂၈ သိန်းကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဒီနေ့ လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-05-19
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
2012-05-19
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းမှာ အသက် ၂၀ အထက်ဝန်းကျင် လူငယ်အတော်များများ ဖျားနာရာကနေပြီး အဖုအပိန့်တွေထွက်ခါ ဝက်သက်ရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။