သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-20
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင် အပိုင် တောင်တရုတ်ပင်လယ်ပြင်ထဲက ကော့ဖငံကျွန်းမှာ ဆိုက်ကပ်ထားတဲ့ အင်ဒိုနီးရှား ပင်လယ်ပြင်ငါးဖမ်းလှေ ၆ စီးပေါ်မှာ လူကုန်ကူးသူတွေက ရောင်းစားခံထားရ တဲ့ မြန်မာအလုပ်သမား ၁၆ ဦးနဲ့ ကမ္ဘောဒီးယားလူမျိုး အလုပ်သမား စုစုပေါင်း ၅ဝ ဦးတို့ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း MAT ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ကယ်တင်ခဲ့ တယ်လို့ သိရပါတယ်။
2013-07-20
အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရွှေပြည်သာမြို့နယ် တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားနှစ်ဦးကို ထောင်ဝန်ထမ်းက ရိုက်နှက်ခဲ့တယ်လို့ အလုပ်သမားတွေရဲ့ ရှေ့နေက ပြော ပါတယ်။
2013-07-20
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း မှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ လက်အောက်ခံ နန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီက နေ့စားဝန်ထမ်းတွေ က အခြေခံလစာ တိုးမြှင့်ပေးဖို့နဲ့ တခြားအလုပ်သမားတွေ အတိုင်း ခံစားခွင့်တွေရဖို့အတွက် ဒီကနေ့ သတင်းစာရှင်း လင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ကြပါတယ်။
2013-07-20
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လယ်ကျေးရွာအုပ်စုမှာ မြောင်းမြစက်မှုဇုန် စီမံကိန်း အတွက်ဆိုပြီး သိမ်းယူခဲ့တဲ့ လယ်ယာမြေ ၂၆ ဧက အတွက် ၁ ဧကကို ကျပ်သိန်း ၂ဝ နှုန်းနဲ့ ဒီကနေ့ မြောင်းမြမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ လျော်ကြေးပေးခဲ့ပါတယ်။
2013-07-20
မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနဲ့ သာစည် လေးမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဒီနေ့ကစပြီး ပြန်လည်ရုပ်သိမ်း လိုက်ပြီလို့ သတင်းရရှိပါတယ်။
2013-07-19
အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးထဲမှာ သယ်ယူပို့ဆောင်ရေးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအုန်းမောင်ရဲ့ဇနီးသည် လက်ရှိအသက် ၉ဝ အရွယ် ဒေါ်သိန်းကြွယ်ဟာ ရန်ကုန်မြို့မှာ ကျန်းကျန်းမာမာနေထိုင်လျက်ရှိပြီး အခုနှစ်ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ဂူဗိမာန်ကို သွားရောက်ဂါရဝပြုနိုင်ခဲ့ပါတယ်။
2013-07-19
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ပုဒ်မ ၃၀၄ က လူသေမှု ၊ ပုဒ်မ ၄၁ ဆေးကောင်စီအက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုးဥပဒေ အမှုသုံးမှုနဲ့ ဒီကနေ့ ဖားကန့်မြို့နယ် ရဲစခန်းက ဖမ်းဆီး လိုက်ပါတယ်။
2013-07-19
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲနဲ့ ဆက်သွယ်လို့ဆိုပြီး မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တစ်နှစ်ကျော်ကြာ တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရတဲ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းက ဦးလထော်ဘရန်ရှောင် ကို ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
2013-07-19
ပြီးခဲ့နှစ် ဇွန်လက စစ်တွေမြို့နယ် အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် မိသားစုပေါင်း ၆ဝဝ ကျော်ကို စစ်တွေမြို့ ဆတ်ရိုး ကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ လုံးချင်းနေအိမ်တွေမှာ ဒီကနေ့မနက်ပိုင်းက စတင်ပြီး ပြောင်းရွှေ့နေရာချပေးခဲ့ပါတယ်။
2013-07-19
နိုင်ငံကိုတည်ငြိမ်အေးချမ်းအောင် ကူညီဆောင် ရွက်ပေးတာဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေ ကို ကျေးဇူးဆပ်ရာရောက်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့မှာ လူငယ်တွေကို အဓိကထား မှာကြားလိုက်ပါတယ်။
2013-07-19
အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
2013-07-19
၆၆ နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနား ကိုတော့ တပ်မတော်က အလေးပြုခြင်းအစီအစဉ်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ၂ မိနစ်လောက် ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။
2013-07-19
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ရည်ရွယ်ချက်နဲ့ အနုပညာရှင်တွေစုပေါင်းပြီး ငြိမ်းချမ်းရေးပွဲတော်တစ်ရပ် ကျင်းပကြမယ်လို့သိရပါတယ်။
2013-07-18
ရခိုင်ပြည်နယ်၊ သံတွဲမြို့က အကြမ်းဖက် မီးရှို့မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ သံသယရှိသူ ၂ ဦးနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၃ ဦးကို သံတွဲခရိုင်တရားရုံးမှာ မနေ့က မေးမြန်းစစ်ဆေးခဲ့ပါတယ်။
2013-07-18
မြန်မာနိုင်ငံမှာ ၂ဝ၁၇ ခုနှစ်ကစပြီး သက်ကြီးရွယ်အိုဦးရေက အလုပ်လုပ်တဲ့ အရွယ်ဦးရေထက်ပိုများ လာတော့မှာမို့ လက်ရှိစီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လိုပြီလို့ OECD ခေါ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီရင် ခံစာက ဆိုပါတယ်။