သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-30
ဧရာဝတီတိုင်းအတွင်းမှာ လူငယ်တွေ အလုပ်အကိုင်ရှားပါးနေပြီး ဒီလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့ ဧရာဝတီတိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေပါတယ်။
2020-11-30
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေ့သူ နေ့စဉ် ၁ဝဝဝ ကျော်ရှိနေပြီး လူတချို့ကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အလေးအနက်မထားပဲ သွားလာနေကြတဲ့အတွက် အခြေအနေတွေကို ထိန်းသိမ်းရခက်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2020-11-30
နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ (၂၁၈) မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်လည်စိစစ်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
2020-11-30
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲမဖြစ်တာ ရက် ၂၀ ကျော် ကြာလာပြီမို့ ဒီအခြေအနေကတစ်ဆင့် ငြိမ်းချမ်းရေးအတွက် ပိုကောင်းလာဖို့ မျှော်လင့်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ တပ်မတော်နဲ့ AA တာဝန်ရှိသူတွေ လူချင်းတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကြားလူတွေကတဆင့် ညှိနှိုင်းနေတယ်လို့ AA ဘက်က အတည်ပြု ပြောဆိုပါတယ်။
2020-11-30
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်နိုင်ဖို့ အစိုးရက စာရင်းတွေ စတင်ကောက်ယူနေပါတယ်။
2020-11-30
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက တိုင်းဒေသကြီး လေးခုမှာ တိုင်းလုံးကျွတ် အနိုင်ရခဲ့ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာလည်း နေရာအားလုံးနီးပါး အနိုင် ရရှိထားတာကြောင့် တစ်ပါတီတည်းက လွှမ်းမိုးနေမယ့် လွှတ်တော်တွေဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို ထိန်းကျောင်းနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေကြပါတယ်။
2020-11-30
၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ကနေ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဦးရဲဝင်းက ဒီနေ့ မတ္တရာမြို့မှာ ဆန္ဒဖော်ထုတ်ဖို့ ပြင်ဆင်နေစဉ် စီမံခန့်ခွဲရေး ကော်မတီဝင်တွေက လာရောက်တားမြစ်လို့ ဆန္ဒထုတ်ဖော်ခွင့်မရခဲ့ပါဘူး။
2020-11-30
လက်ရှိအစိုးရ သက်တမ်း ၅ နှစ်တာကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ပြီး အစိုးရသစ် ပြန်လည်ဖွဲ့စည်းမယ့် လာမယ့် ၅ နှစ်တာကာလမှာ နိုင်ငံရေးအရ တန်းတူဆွေးနွေးတာတွေ လုပ်ဆောင်ပေးဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လိုလားနေကြပါတယ်။
2020-11-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့တာ ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အစီအစဉ်ကို ရန်ကုန်မြို့တော် ခန်းမရှေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့နဲ့ သံဃာတော်တွေက ဒီနေ့ ကျင်းပခဲ့ပါတယ်။
2020-11-29
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ရန်ကုန်မှာပိတ်မိနေတဲ့ မွန်ပြည်နယ်က လူ ၃၀ နီးပါးကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အရပ်ဘက်အဖွဲ့တစ်ခုက ပထမဆုံးအကြိမ် မနေ့က အခမဲ့ပြန်ခေါ်ခဲ့ပါတယ်။
2020-11-29
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား စက်ရုံအလုပ်သမားတွေကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေပါတယ်။
2020-11-29
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို နိုဝင်ဘာလ ၂၈ ရက် မနေ့က သွားရောက်လေ့လာခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းက ချန်လှပ်ထားခဲ့တဲ့ မြို့နယ်ကိုးခုမှာ ရွေးကောက်ပွဲကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။
2020-11-28
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နဲ့ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့ပါဝင်တဲ့အဖွဲ့ဟာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့ကို တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက်လေ့လာနေပါတယ်။
2020-11-28
ဒီတစ်ပတ်မှာ "အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလမ်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-11-28
NLD ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ တင်ဒါကုမ္ပဏီခြောက်ခုက ဝန်းရံကူညီ ထားကြောင်း ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ လက်မှတ်ရေးထိုး ထားတဲ့ စာနဲ့ ပတ်သက်ပြီး ပါဝင်သူတွေကို ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး စစ်ဆေးနေတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။