သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-31
ရှမ်းပြည်နယ် အနောက်တောင်ပိုင်း နေပြည်တော်အနီးမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဒေသခံ ပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ဟာ နေရပ်ဒေသတွေကနေ ပြောင်းရွှေ့ပေးရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့မည့် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီး ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။
2011-05-31
စစ်ကိုင်းတိုင်း အတွင်း ချင်းတွင်းဒေသ တလျှောက် ကူးသန်း ရောင်းဝယ်ရေးနဲ့ ခရီးသည် ပို့ဆောင်ရေးမှာ အထူးအားထားရတဲ့ ကလေးဝ - ယာကြီး အဝေးပြေးလမ်းဟာ ပျက်စီးနေတာကို မပြင်ဘဲ ထားတာကြောင့် ခရီးသွား ပြည်သူတွေ အခက်အခဲ ကြီးစွာ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
2011-05-31
ဟောင်ကောင် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတကာ ပညာရှင် ရှစ်ဦးဟာ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှာ ပထမဆုံး အကြိမ် နိုင်ငံရေးသိပ္ပံ ပညာရပ် သင်တန်း လာရောက်ပို့ချမှာ ဖြစ်တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဒီကနေ့ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
2011-05-31
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ မြန်မာ့အရေး ခရီးစဉ် အစိတ်အပိုင်း တရပ် အဖြစ် ဒီကနေ့ထိုင်း-မြန်မာ အခြေစိုက် ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်တွေနဲ့တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2011-05-31
မေလ (၃၀) ရက်နေ့မှာ ကျရောက်တဲ့ ဒီပဲယင်း အရေးအခင်း နှစ်ပတ်လည် အဖြစ် ဗြိတိန်နိုင်ငံက မြန်မာအရေး လှုပ်ရှားသူတွေက လန်ဒန်မြို့မေဖဲယားရပ်ကွက်မှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ ကြပါတယ်။
2011-05-31
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တနင်္လာနေ့က ဟောင်ကောင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုက တဆင့် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ကြ ပါတယ်။
2011-05-30
ဒီပဲယင်း လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲဆိုတာ မှန်းဆပြောဆိုမှုတွေ အများအပြား ရှိနေပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကတော့ ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်လို့ သူ သိရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောဆိုပါတယ်။
2011-05-30
ဗိုလ်ချုပ်စောလားဘွယ်ရဲ့ DKBA အဖွဲ့နဲ့ တခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးက DKBA ဌာနချုပ် နေရာကို လွန်ခဲ့တဲ့ ၂၄ ရက်နေ့ကစလို့ ပြန်ပြီး သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
2011-05-30
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း နယ်ခရီးစဉ်တွေ စတင်တော့မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ဒီကနေ့ ဟောင်ကောင်တက္ကသိုလ်က ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ အရပ်သား စုစုပေါင်း တထောင်လောက်နဲ့ အင်တာနက် ဗီဒီယိုကတဆင့် တိုက်ရိုက်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပရိသတ်က မေးမြန်းရာမှာ အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
2011-05-30
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ကာလတွေအတွင်း နယ်ခရီးစဉ်တွေ ထွက်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြား လိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။
2011-05-30
ဒီကနေ့ ကျရောက်တဲ့ ဒီပဲယင်းအကြမ်းဖက်မှု (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီပဲယင်းခရီးစဉ်မှာ ကိုယ်တိုင် လိုက်ပါခဲ့ပြီး အရိုက်ခံခဲ့ရသူ သာစည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးသန်းဆောင်ရဲ့ နေအိမ်မှာ ဆွမ်းကပ် တရားနာပြီး သေဆုံးခဲ့သူတွေကို အမျှပေးဝေခဲ့ကြပါတယ်။
2011-05-29
ရန်ကုန် အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၄ ဦးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဖြေရှင်းပေးပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် အခြေအနေ တိုးတက်လာအောင် ဖြေရှင်းမပေးသေး ဘူးလို့ ယူဆရကြောင်း အကျဉ်းသား မိသားစုတွေက ပြောပါတယ်။
2011-05-29
ကချင်ပြည်နယ် ဝန်ကြီးတွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားတာမို့ မြစ်ကြီးနားမြို့နဲ့ ပတ်ဝန်းကျင်မှာ ရဲအစောင့် တာဝန်ယူသူ နည်းသွားပြီး ရာဇဝတ် မှုခင်းတွေ တိုးများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2011-05-29
‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတွေ ပြုစုရေးသားဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ပညာရှင်တွေကို တိုက်တွန်းထားပါတယ်။
2011-05-29
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရနဲ့ နိုင်ငံရေး အကျဉ်းသားတချို့ဟာ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ထောင်တွင်းအခွင့်အရေး ရရှိဖို့အတွက် အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။