သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-09
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရှန်ဟဲပေါ်ကွန်ကျေးရွာမှာ တုပ်ကွေးရောဂါ တစ်မျိုး ဖြစ်ပွားနေပြီး တစ်လသားအရွယ် ကလေးတစ်ဦး စက်တင်ဘာလ ၇ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
2018-09-09
ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အနှံ့မှာ ဒီနေ့ ကျင်းပခဲ့ကြပါတယ်။
2018-09-09
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးလွတ်မြောက်ရေးအတွက် မုံရွာမြို့ခံ သတင်းသမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ စုပေါင်း ၃၀ လောက်ဟာ မုံရွာမြို့ ရွှေစည်းဂုံ စေတီတော်မှာ ဆုတောင်းခဲ့ကြပါတယ်။
2018-09-09
မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးက ကျူးကျော်နေအိမ်တွေနဲ့ အဆောက်အဦးတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဒီနေ့မနက်ကစပြီး လိုက်လံဖျက် သိမ်းနေပါတယ်။
2018-09-09
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဖုယွမ် စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန် ခန့်ပေးရေး အပါအဝင် အချက် ၅ ချက်ကို အလုပ်သမားတွေက ရန်ကုန်မြို့လယ်မှာ ချီတက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2018-09-08
ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ တိုးချဲ့ဖို့ စဉ်းစားနေကြောင်း မနေ့က သတင်းရပါတယ်။ EU ဟာ လက်ရှိမှာ မြန်မာတပ်မတော် ခေါင်းဆောင်တချို့ကို ပိတ်ဆို့မှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။
2018-09-08
ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ မြန်မာ ဂေါက်သီးရိုက်အသင်းမှာ ငွေကြေးအလွဲသုံးစားမှု ပေါ်ပေါက်နေတဲ့အတွက် အရေးယူပေးဖို့ အသင်းသား ၅၃ ယောက်က နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးဝန်ကြီးနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန တို့ကို တိုင်ကြားထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2018-09-08
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက်နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံ ကို တက်ရောက်မယ်လို့ အစိုးရအဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
2018-09-08
သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ရာထူးတာဝန်ကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကို ဒီနေ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2018-09-08
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ တွင်းအတွင်း ပိတ်မိနေသူ ၄ ဦး ကို ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
2018-09-08
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ရဲ့ တတိယ အကြိမ်မြောက် ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2018-09-08
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ကို ကျွဲတွေတင်ဆောင်ပြီး သွားခဲ့တဲ့ ၁၂ ဘီးကားတစ်စီးဟာ ဒီနေ့ မနက် ၇ နာရီခန့်က ကျောက်မဲမြို့အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာပါလာသူ အမျိုးသား၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2018-09-07
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကြားဝင်ဆောင်ရွက်ပေးပါလို့ RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
2018-09-07
နယ်သာလန်နိုင်ငံ သဟိတ်မြို့ အခြေစိုက် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque နဲ့ Balukhali ဒုက္ခသည် စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohammad Khaled တို့က မနေ့က ကြိုဆိုလိုက်ပါတယ်။
2018-09-07
ရခိုင်ပြည်နယ်က ကျေးရွာ ၂၃ ရွာမှာ ပြန်လည်ထူထောင်ရေးအတွက် လေ့လာဆန်းစစ်မှုတွေကို ကွင်းဆင်းစတင်ရန် အဆင့်သင့်ဖြစ်နေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တွေက ဂျနီဗာမြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။