သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-18
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေက မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ တစ်ရာခိုင်နှုန်းနဲ့ တာဝန်ကနေ ဖယ်ရှားခွင့်ပေးထားတဲ့ ဥပဒေကြမ်းကို လက်မခံနိုင်ကြောင်းနဲ့ အဓိပ္ပာယ်မရှိတဲ့ ဥပဒေကြမ်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-08-18
တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများ မှာ ရေဘေးဒဏ်ခံနေရပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရမယ့်အချိန် နီးကပ်နေတဲ့အတွက် လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေ ကို အပြီးရပ်ဆိုင်းပေးဖို့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပယ်ချလိုက်ပါတယ်။
2015-08-18
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မိမိအား လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ရုပ် သိမ်းပေးဖို့ တိုင်တန်းထားတာရှိကြောင်း၊ လာမယ့် သြဂုတ်လ ၂၀ ရက် နေ့နောက်ဆုံးထားပြီး လွှတ်တော် ကိုယ်စားလှယ်တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြန်လည် တင်ပြဖို့ ဒီကနေ့ ပြောပါတယ်။
2015-08-17
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနဲ့ သတ္တုတွင်း ဝန်ကြီးဌာနက ပညာရှင်တွေ စုပေါင်းပြီး ချင်းပြည်နယ် ဟားခါးမြို့ရဲ့ မြေနေရာအနေ အထားကို မနက်ဖြန်ကစပြီး ၅ ရက် ကြာလေ့လာသွားမယ် လို့ သိရပါတယ်။
2015-08-17
ဒီနေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေး မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ တင်သွင်း လာမယ်ဆိုရင် လွှတ်တော်ကို ဖိအားပေးသလို ဖြစ်နေတဲ့ အတွက် လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
2015-08-17
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားလိုက်တဲ့အတွက် အရင်က တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအကြား ဝေးနေတာကနေ အခု ပိုနီးစပ်သွားစေတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။
2015-08-17
ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရ တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပဲခူးမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-08-17
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပါတီဗဟို အတွင်းရေးမှူး ဦးပိုက်ထွေးက ပြောပါတယ်။
2015-08-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် နာယက သူရဦးရွှေမန်းတို့ နေပြည်တော် မှာ မနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။
2015-08-17
ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးများ ပြီး ရေကြီးရေလျှံခဲ့တာကြောင့် ရပ်နား ထားတဲ့ မြစ်ကြီးနား-မန္တလေးရထားတွေ ဒီနေ့ ပြန်လည်ပြေး ဆွဲနေပါတယ်။
2015-08-16
ကုလသမဂ္ဂကချမှတ်ထားတဲ့ပညာရေးဆိုင် ရာမူဝါဒတွေကို သဘောတူထား တဲ့မြန်မာ အစိုးရအနေနဲ့ ဘယ်လိုအကောင် အထည်ဖေါ်နေလဲဆိုတာကို နိုင်ငံလုံး ဆိုင်ရာပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးကွန်ယက် NNER အဖွဲ့ က စောင့်ကြည့်သွားမှာဖြစ်သလို၊ တောင်းဆိုမှုတွေမရသေးတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအောင်မြင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ပြောပါတယ်။
2015-08-16
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်တွေကို လက်ခံတာကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေး ထိုးမယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU က ကြေညာလိုက်ပါတယ်။
2015-08-16
လွှတ်တော်ကိုယ်စားလှယ် တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုသွား ဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ က ပြောပါတယ်။
2015-08-16
ချင်းပြည်နယ်ဟားခါးမြို့မှာ ဒီရက်ပိုင်း အတွင်း ထပ်ပြီးမြေပြိုမှုတွေ ဖြစ်ပွားနေတဲ့ အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် အနီးအနားက ကျေးရွာတွေနဲ့ပါဆိုရင် စုစုပေါင်း အိမ်ခြေ ၅ဝဝ ကျော် ပြိုကျသွားတယ်လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့က ပြောပါတယ်။
2015-08-16
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီရဲ့ တာဝန်တွေ ကနေ ဖယ်ရှားလိုက်တာဟာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေအတွက် စိုးရိမ်မှုတွေများ လာစေသလို ယုံကြည် မှုတွေလည်း ကျဆင်းလာတယ်လို့ မွန်ပြည်သစ် ပါတီခေါင်းဆောင် ဦးနိုင်ဟံသာက ပြော ပါတယ်။