သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-21
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု ကူချောင်းဖျားကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ကူချောင်းဖျားကျေးရွာက ဒေသခံ ၆၀ လောက်ဟာ ဇဉ်ဘောင်းပြင် ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ လူမှုကူညီရေးအသင်းတွေ က ပြောပါတယ်။
2018-05-21
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှာ တရားမဝင်သစ်သယ်ဆောင်မှု ကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်သားတွေနဲ့ တာဝန်ရှိသူတွေကို မန္တလေးခရိုင်ရုံးအတွင်းက ရဲတရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။
2018-05-21
တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင်တောင်းဆိုခဲ့တာကြောင့် တပ်မတော်က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာကို ပယ်ဖျက်ပေးဖို့ ကချင်ပြည်နယ် တရားလွှတ်တော်ထံ တင်ပြသွားမယ်လို့ တရားစွဲဆိုခံထားရသူ ၃ ဦးထဲက နှစ်ဦးရဲ့ ရှေ့နေက ပြောပါတယ်။
2018-05-21
ရိုက်တာ သတင်းထောက်နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ မှုခင်းနှင့် သတင်းရဲတပ်ဖွဲ့ CID ရဲမှူး အောင်ကျော်ဆန်းရဲ့ ထွက်ဆိုချက်တွေဟာ အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်တာတွေ မဟုတ်တဲ့အတွက် ကန့်ကွက်လိုက်တယ်လို့ သတင်းထောက် ၂ ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဒီနေ့ ပြောပါတယ်။
2018-05-21
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် ရက်သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီလကုန်မှာ တွေ့ဆုံဖို့ သဘောတူထားပါတယ်။
2018-05-21
မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကြားမှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင် ဒုက္ခသည်တွေကို အမြန်ဆုံးထွက်ခွာကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အသံချဲ့စက်တွေနဲ့ ပြန်လည်ထပ်မံသတိပေးနေတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။
2018-05-20
ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် အထိ ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
2018-05-20
ဒေသခံတွေဆီကနေ မီးလင်းရေးအတွက် ငွေတောင်းခံမှုနဲ့ တိုင်ကြားခံထားရတဲ့ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို စစ်ဆေးအရေးယူသွားမယ်လို့ NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ခံ ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။
2018-05-20
စွပ်စွဲပြစ်တင်ခံထားရတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်စုံစမ်းရေးအဖွဲ့က သက်သေ ၁၄ ဦးကို စစ်ဆေးပြီးဖြစ် တယ်လို့ စုံစမ်းရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
2018-05-20
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့ပေါ်မှာ ယာယီခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်က တောင်ယာ လုပ်ငန်းတွေမှာ ပြန်လည်လုပ်ခွင့်ပြုလိုက်တယ်လို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး က ဒီနေ့ ပြောပါတယ်။
2018-05-19
ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာအနေနဲ့ မျှတတဲ့ အခြေအနေကို ဖန်တီးပေးဖို့ ဖေ့စ်ဘွတ်ကုမ္ပဏီ ပိုင်ရှင် Mark Zuckerberg ကို တက်ကြွလှုပ်ရှားသူတွေက စာရေးသားပြီး ထပ်မံတောင်းဆိုလိုက် ပါတယ်။
2018-05-19
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တံ့နိုင်ရေးအတွက် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ချက်ချင်း အပစ်အခပ်ရပ်ကြဖို့ လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
2018-05-19
မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကရင်တိုင်းရင်းသားတွေရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿ နာအရေးကို ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်ရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုသူတွေထဲက ဦးဆောင်သူ ၃ ဦးကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။
2018-05-19
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံကို လာမယ့် မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်ပါတီဌာနချုပ်မှာ ၃ ရက်ကြာကျင်းပမယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဒီနေ့ ပြောပါတယ်။
2018-05-19
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က တောက်ပကြယ်ကုမ္ပဏီ အဆောက် အဦနဲ့ ယန္တရားတွေ မီးရှို့ဖျက်ဆီးတာနဲ့ဆက်စပ်ပြီး လူ ၅၂ ဦးကို အမှုဖွင့်စစ်ဆေးနေပါတယ်။