သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-20
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ခုနှစ်လကျော် ကာလအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၉၃ ဦးသေဆုံးကာ ၁၂၄ ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က စက်တင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-09-19
မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ စစ်ကောင်စီခန့် ရာအိမ်မှူး ကိုဘဲဥဟာ စက်တင်ဘာလ ၁၉ ရက် မနေ့က သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ပခုက္ကူဒေသခံတွေက ပြောပါတယ်။
2021-09-19
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းမှာ ထိုင်းရဲတပ်ကြပ်တစ်ဦးရဲ့ မုဒိန်းကျင့်တာခံရတဲ့ မြန်မာမိန်းကလေးကို စက်တင်ဘာလ ၁၇ ရက်နေ့က ကော့သောင်းမြို့ကို ပြန်ပို့လိုက်ပါတယ်။ ဘူဖတ်ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲအရာရှိ တစ်ဦးက အဓမ္မပြုကျင့်ခံရမှုမှာ တရားရုံးမှာ စစ်ချက်တွေယူပြီး ကော့သောင်းကို ပြန်ပို့လိုက်တာလို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
2021-09-19
ရန်ကုန်မြို့၊ သာကေတမြို့နယ် မြင်တော်သာလမ်းနဲ့ ဇင်္ဂမလမ်းဆုံ ရုပ်ရှင်ရုံရှေ့က KBZ ဘဏ်ရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့ တယ်လို့ သိရပါတယ်။
2021-09-19
ချင်းပြည်နယ်၊ ထန်တလန်မြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တွေကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF (ထန်တလန်) တို့ပေါင်းပြီး စက်တင်ဘာလ ၁၈ ရက် မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
2021-09-19
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ချို့က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
2021-09-18
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက်မှာ နေထိုင်သူတစ်ဦး မနေ့ညပိုင်းက စစ်ကောင်စီတွေရဲ့ ဖမ်းဆီးတာခံရပြီး ဒီကနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။
2021-09-18
ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့မှာ စက်တင်ဘာ ၁၈ ရက် ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF ထန်တလန်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အိမ်တွေပေါ် လက်နက်ကြီးကျည်ဆန်တွေ ကျရောက်လို့ အိမ် ၁၀ လုံး ထက်မနည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-18
မကွေးတိုင်း ရေစကြိုမြို့မှာ စက်တင်ဘာလ ၁၇ ရက် မနေ့ညက စစ်ကောင်စီယာဉ်တန်းကို ရေစကြို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2021-09-18
မနေ့ကညနေ ၆ နာရီလောက်မှာ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ငရုတ်သီးလှော်တံတားအနီး စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တို့ကြား အပြန်အလှန်ပစ်ခတ်ခဲ့ ကြပါတယ်။
2021-09-18
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေ က စစ်ဘေးဒုက္ခသည်တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရာမှာ စက်တင်ဘာလ ၁၇ ရက်တစ်နေ့တည်းမှာတင် ၁၀၃ ဦး တွေ့ရတယ်လို့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
2021-09-18
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းကစပြီး နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုပြီး ဝင်ရောက်စီး နင်းပြီး ရှာဖွေတာတွေ လုပ်နေလို့ ဒေသခံ တစ်ထောင်ကျော် လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
2021-09-17
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အဘက်ဘက်က ကျရှုံးနေတဲ့ နိုင်ငံဖြစ်လာနေပြီး အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အန္တရာယ် ရှိလာနေကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာရေးရာကောင်စီ အဖွဲ့က ပြောပါတယ်။
2021-09-17
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသား တွေနဲ့ ထင်သလို ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဩစတြေးလျ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
2021-09-17
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်တင်ဘာလ ၁၆ ရက် မနေ့က ထောင်ဒဏ် ချမှတ် ခံလိုက်ရတဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ (ဗဟို) ရဲ့ လူငယ်အဖွဲ့ဖြစ်တဲ့ ANP Youth Wing က ဒီနေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။