သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-16
မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်ကျပ်တန်နဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကို တရားဝင်ငွေစက္ကူအဖြစ်ကနေ ရပ်စဲလိုက်တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီနေ့ညနေမှာ ထုတ်ပြန်ကြေညာပါတယ်။
2021-09-16
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လက်ပံကြီးကျေးရွာနဲ့ ကံသစ်ကျေးရွာက စစ်ကောင်စီ သတင်းပေး ဒလန် နှစ်ဦး စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာအသတ်ခံလိုက်ရပြီး နောက် စစ်ကောင်စီတပ်သားတွေ ကံသစ်ရွာကို ဝင်ရောက်ဖမ်းဆီးနေတာကြောင့် တစ်ရွာလုံး ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-16
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်မှာ ဖြတ်တောက်ခဲ့တဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြလို့ အချိန်တစ်နှစ်နီးပါးကြာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသား လေးဦးဟာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာ စစ်တွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်နဲ့ ခြောက်လ အသီးသီးအမိန့် ချမှတ်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2021-09-16
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ရဲ့ အမှတ် (၁၀၁၃) တပ်ခွဲ (၂) အနေနဲ့ ကြသောင်းဆိပ်စခန်းကို တပ်ချိန်းဖို့နဲ့ ရိက္ခာပို့ဖို့အတွက် ဆိုပြီး စက်တင်ဘာလ ၁၄ ရက်နေ့က ဘီးလင်းမြို့၊ မြစ်ကျိုးကျေးရွာမှာရှိတဲ့ ဒေသခံတွေရဲ့ ယာဉ်မောင်းအပါအဝင် ထော်လာဂျီ ငါးစီးနဲ့ ကျေးရွာခေါင်းဆောင် ရပ်မိရပ်ဖ ခြောက်ဦးကို အဓမ္မခေါ်ဆောင်သွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-09-16
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့မှာ အဖမ်းခံခဲ့ရတဲ့ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို နှစ်ပတ်ကျော် ဖမ်းဆီးထား ပြီးနောက် စက်တင်ဘာလ ၁၆ ရက် ဒီကနေ့မှာတော့ စဉ့်ကိုင်မြို့နယ်ရဲစခန်းက တပ်မတော်အကြည် ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-09-16
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးကို တစ်ဆင့်အရှိန်မြှင့် လိုက်တဲ့အနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ကောင်စီကို တော်လှန်ကြဖို့ ကြေညာလိုက်ပြီးတဲ့နောက် စစ် ကောင်စီက ရန်ကုန်မြို့မှာလုံခြုံရေး ပိုတင်းကျပ်ပြီး ဖမ်းဆီးမှုတွေလည်း ပိုလုပ်လာတယ်လို့ မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-09-16
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်မှာ စက်တင်ဘာ ၁၅ ရက်နေ့ မနေ့က စစ် ကောင်စီနဲ့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ကန်ပက်လက်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်အချို့ နဲ့ ဘာသာရေးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-16
စစ်ကိုင်းတိုင်း မင်းကင်း၊ ကနီ၊ ယင်းမာပင်နဲ့ မကွေးတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီဘက်က အင်တာနက်ဖြတ်တောက်ပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်နေသလို ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပြန်လည်ခုခံဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2021-09-16
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ထဲက မိန်းကလေး ငါးဦးနဲ့ ယောကျ်ားလေး ခြောက်ဦး စုစုပေါင်း ၁၁ ဦးကို စက်တင်ဘာလ ၁၅ ရက် မနေ့ ညပိုင်းက စစ်ကောင်စီတပ်သား တွေ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။
2021-09-16
မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ကွက်မှာ နေထိုင်တဲ့ မသဲစုမွန်ကို စက်တင်ဘာ ၁၅ ရက် မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သား တွေက နေအိမ်မှပဲ လာရောက်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-16
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရလို့ ဆေးရုံတက်ကုသနေရတဲ့ အသက် (၂၀) အရွယ် ကိုဇင်မင်းဦးဟာ စက်တင်ဘာ ၁၅ ရက် မနေ့ည ၁၁ နာရီမှာ သေဆုံးသွားပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-09-15
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောက်ပြုတ်ကျေးရွာမှာ ယောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YDF အဖွဲ့ဝင်တွေက တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ခြောက်ဦး မနေ့က သေဆုံးခဲ့တယ်လို့ သတင်းရပါတယ်။ ဒီအတောအတွင်း စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ တွေက ပစ်ခတ်သတ်ဖြတ်လို့ လူငယ် ၁၄ ဦး ကျဆုံးကွယ်လွန်ခဲ့ရတဲ့ ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာက ရာနဲ့ချီတဲ့ ရွာသားတွေဟာ သူတို့ရွာကို မပြန်ရဲတဲ့အတွက် အနီးအနားရှိ တောတောင်တွေထဲမှာပဲ ဆက်လက်ပုန်းရှောင်နေကြ တယ်လို့ သိရပါတယ်။
2021-09-15
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုသူအဖြစ် စစ်ကောင်စီ ကိုယ် စားလှယ်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကိုယ်စားလှယ် ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက RFA ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2021-09-15
မြန်မာနိုင်ငံက တိုင်းရင်းသူအမျိုးသမီးနှစ်ဦးနဲ့ NASA အမေရိကန် အမျိုးသား အာကာသနဲ့ လေကြောင်းဦးစီးဌာနက မြန်မာအမျိုးသမီး သိပ္ပံပညာရှင်တို့ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းက ၂၀၂၁ နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်းရွေးချယ်လိုက်ပါတယ်။
2021-09-15
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်၊ တနိုင်း - ရှင်ဗွေလမ်းမပေါ်မှာရှိတဲ့ တရုန်ကျေးရွာနဲ့ တခက်ကျေးရွာကြားက ဆက်သွယ်ရေး တာဝါတိုင်အနီးမှာ စက်တင်ဘာလ ၁၅ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။