သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-13
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နဲ့ အရာတော်မြို့နယ်ကို ဖောက်လုပ်ထားတဲ့ မုံရွာ - နောင်ကြီးအိုင်လမ်း တိုးချဲ့ဖောက် လုပ်ရာမှာ လမ်းဘေးကသစ်ပင်တွေကို ခုတ်ရမယ့်အတွက် လမ်းဖောက်လုပ်သင့် မဖောက်လုပ်သင့်ကို ပြန်စဉ်းစား မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြော ပါတယ်။
2016-07-13
ရှမ်းပြည်နယ်အစိုးရက ရက်တစ်ရာ စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေ တဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချို မြို့ရှောင်လမ်းနဲ့ဂုတ်တွင်း လေးလမ်းသွားလုပ်ငန်းစီမံကိန်းမှာ ဒေသခံတွေရဲ့လယ်မြေတွေပါ နေတဲ့အတွက် တောင်သူတွေက လျော်ကြေးလိုချင်နေကြပါတယ်။
2016-07-13
အမျိုးဘာသာ သာသနာ စောင့်လျောက်ရေး အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူ ကို သာသနာတော်ကို အကြည်ညို ပျက်စေတဲ့ ပြောဆိုဟောပြောမှုအတွက် တာမွေရဲစခန်းမှာ ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ နေထိုင်သူ ဦးဝင်းအောင် က အမူဖွင့်တိုင်ကြားခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2016-07-13
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းနားကို မိသားစုဝင် တစ်ဦးအနေနဲ့သာ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
2016-07-13
ပြီးခဲ့တဲ့အစိုးရလက်ထက်က စီမံကိန်းချ လုပ်ကိုင်နေတဲ့ ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးတာတွေကို ရပ်နားထားဖို့ အတွက် အစိုးရက ညွှန်ကြားထားပါတယ်။
2016-07-13
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း အနီးက ဆိပ်မူကျေးရွာအုပ်စု NLD ပါတီ ဥက္ကဌ ဦးရွှေသိန်းကို အမည်မသိသူတချို့ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နေတယ်လို့ ကာယကံရှင် ဦးရွှေသိန်း က ပြောပါတယ်။
2016-07-13
နေပြည်တော် တပ်ကုန်းမြို့နယ်တရားရုံး မှာ အမှုရင်ဆိုင်နေရတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံက အလုပ်သမားတွေဟာ တရားရုံးကို မထီမဲ့မြင်ပြုတဲ့ အတွက် ထောင်ဒဏ် တစ်လ ဒါမှမဟုတ် ငွေဒဏ် ကျပ် ငါးထောင်စီ ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2016-07-13
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ ရခိုင်ပြည် နယ်မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေကို ဒီနေ့ သွားရောက်ပြီး စားနပ်ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2016-07-13
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တရားရုံး က ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ် တယ်ဆိုပြီး အမှုရင်ဆိုင်နေရသူ ၃ ဦးကို မတရားအသင်း အက်ဥပဒေပုဒ်မ နဲ့ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
2016-07-13
မဘသအဖွဲ့အနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွား လိုပြီး အာဏာရှင်စနစ်ကို အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ် တစ်စုတစ်ဖွဲ့ရဲ့အသုံးချခြင်းကို မခံဘူး ဆိုရင် ၊ ( Hate Speech ) အမုန်းပွားစေတဲ့ စကားတွေ မပြောဘူးဆိုရင် အမျိုးသားရေး အဖွဲ့တစ်ဖွဲ့အနေနဲ့ ရေရှည် ရပ်တည်နိုင်မယ်လို့ ယုံကြည်ကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို က RFA ကို ပြောပါတယ်။
2016-07-12
မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှာ ဓါတ်ငွေ့ ထုတ်လုပ်နေတဲ့ ထိုင်းနိုင်ငံ PTT ကုမ္ပဏီက ဇောတိက သဘာ၀ ဓါတ်ငွေ ထုတ်လုပ်တဲ့ စင်က မြန်မာအလုပ်သမားများ ရရှိသင့်တဲ့ ခံစားခွင့်ငွေများ မပေးတာကြောင့် အလုပ်သမားဝန်ကြီး ဌာနက PTTကို တရားဆွဲဆိုတဲ့ အမူမှာ မရမ်းကုန်းမြို့နယ် တရားရုံးမှာ စစ်ဆေးလျက်ရှိရာမှာ PTTက မြောက်ပိုင်းခရိုင် တရားရုံးကို ဒီကနေ့ ပြောင်းရွှေ့လျောက်ထားခဲ့ပါတယ်။
2016-07-12
ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ မြို့နယ်တွေကို စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
2016-07-12
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးနိုင်ဖို့ ကွင်းဆင်း စစ်ဆေးတဲ့အဖွဲ့ဟာ ဒီနေ့ စစ်ဆေးမှု စတင်ရမှာဖြစ်ပေမယ့် အဖွဲ့မှာပါတဲ့ CNPC ကုမ္ပဏီ နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ်တွေက စစ်ဆေးမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက် ပါတယ်။
2016-07-12
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ မလိုအပ်ဘူးဆိုတဲ့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြား ချက်ဟာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒသဘာထားမဟုတ်တဲ့ အတွက် အလေးဂရုပြု တုန့်ပြန်သွားမှာ မဟုတ်ဘူးလို့ မဘသအဖွဲ့ဗဟို ဦးဆောင်ဆရာတော်တွေက မိန့်ကြား လိုက်ပါတယ်။
2016-07-12
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ ဗိုလ်မှူးကြီး ဗထူး ကြေးသွန်းရုပ်တုနဲ့ ပန်းခြံကို ဒီနေ့ ဖွင့်လှစ်ပြီး ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့် ဂုဏ်ပြုအခမ်း အနား ကျင်းပခဲ့ပါတယ်။