သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-13
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော် ဝင်ရောက်ဆွေးနွေးဖို့ စာရင်းပေးထားတဲ့အထဲက ကိုယ်စားလှယ် ၁၁ ဦး က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေး ခဲ့ကြပါတယ်။
2014-11-13
အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ် မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။
2014-11-13
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီ ယာတွေက သုံးစွဲနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့အခေါ်အဝေါ် ကို မြန်မာအစိုးရအနေနဲ့ လက်မခံကြောင်းနဲ့ ဒီအခေါ်အဝေါ် နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကိုလည်း လက်မခံကြောင်း အကြိမ်ကြိမ်ပြောထားသလို ဒီအသုံးအနှုန်းနဲ့ ပတ်သက် လို့ ငြင်းခုန်မှုတွေ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီနေ့ ပြော ပါတယ်။
2014-11-13
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီ ဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့ အစည်းနှစ်ခုစလုံး သဟဇာတရှိရှိ အတူနေသွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။
2014-11-13
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေ ကို နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ လူမျိုးလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရေးအပေါ် ထိခိုက်စေကြောင်းနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ဒီနေ့ စာရေးသားပေးပို့လိုက်ပါတယ်။
2014-11-13
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာအရေးအကြီးဆုံး အချိုးအကွေ့ကာလတစ်ခုကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။
2014-11-13
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ မိုဒီတည်းခိုရာ Park Royal ဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
2014-11-13
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဟာ (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့အရှေ့အာရှ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။
2014-11-12
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပရာ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်၊ မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ ဦး၊ မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂ဝ ကျော်တို့အတွက် စုစုပေါင်းငွေကျပ် ၅၇ သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
2014-11-12
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို လက်မခံကြောင်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-12
လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2014-11-12
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကရင်နိုင်ငံရေးပါတီ သုံးခုပူးပေါင်း သွားမယ်လို့ ပါတီတာဝန်ရှိသူတွေ က ပြောပါတယ်။
2014-11-12
တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်နေ တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်း အဝေးကို ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က သုခခန်းမမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2014-11-12
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သဘာဝဘေး အန္တရာယ်တွေ၊ အီဘိုလာရောဂါလို ကူးစက်ရောဂါ အန္တရာယ်တွေနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ စတဲ့စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်တဲ့ စွမ်းအားတွေ စဉ်ဆက်မပြတ် ထူထောင်ထားဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-11-12
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်းက လွှတ်တော်ရဲ့အခန်းကဏ္ဍဆို တဲ့ ခေါင်းစဉ်နဲ့ နေပြည်တော် နန်းဝတီဟိုတယ်မှာ မနက်ဖြန် ဆွေးနွေးကြမယ်လို့ သိရပါတယ်။