သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-12
မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေး အပါအဝင် အချက်သုံးချက်ပါတဲ့ ကြေညာချက်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ဒီကနေ့ သဘောတူ ထုတ်ပြန်လိုက်ကြပါတယ်။
2013-06-12
ရွေးကောက်ပွဲမှာ PR ခေါ် အချိူးကျရွေးချယ်မှု စနစ် ကျင့်သုံးရေးကိစ္စကို ကန့်ကွက်ကြောင်းနဲ့ မတရားအသင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ (၁)(၂)ကို ပယ်ဖျက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီက တောင်းဆိုလိုက်ပါတယ်။
2013-06-12
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ က ဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် ကင်တားနား(Tomas Quintana) က တောင်းဆိုလိုက်ပါတယ်။
2013-06-12
အစ္စလာမ်ဘာသာနဲ့ မွတ်စလင်များအပေါ် အထင်အမြင်နားလည်မှု လွဲမှားမှုတွေ ရှိတယ်ဆိုပြီး မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity For Peace Network) က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-06-12
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ တောင် ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို တစ်လကြာ လှည့်လည်သွားရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်း က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
2013-06-12
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကို စတင်ခဲ့သူ မွတ်စလင်အမျိုးသားကို လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်၊ မနေ့က ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ပါတယ်လို့ သိရပါတယ်။
2013-06-11
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ကြိမ်မြောက် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲ ပထမနေ့မှာ အင်အားကြီးပါတီတွေကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
2013-06-11
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် အဲဒီမှာမနေလိုတော့ ဘဲ မြန်မာနိုင်ငံ ပြန်ချင်ကြသူတွေအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI က မနက်ဖြန် ဇွန်လ ၁၂ ရက်နေ့ကစတင်ပြီး လေယာဉ် လက်မှတ်ခ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချပြေးဆွဲပေးသွားမယ် လို့ MAI မှ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2013-06-11
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အသတ်ခံနေရတဲ့ အခြေအနေတွေ အပါအဝင် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် ခေါင်းဆောင်တဲ့ အထူး ကိုယ်စားလှယ် ၄ ဦး ဒီကနေ့ ညနေလေးနာရီက မလေးရှားနိုင်ငံကို ထွက်ခွာသွားပြီလို့ သိရပါတယ်။
2013-06-11
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးတဲ့သူတွေကို ကူညီပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့ အကျိူးဆောင်ကွန်ရက် အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထိုက် တို့ သုံးဦးကို နတ်တလင်းရဲစခန်းက တရားလိုပြုလုပ် တရားစွဲဆိုပြီး ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
2013-06-11
အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက် ဘက် ရခိုင်နဲ့ ချင်းပြည်နယ်အတွင်းမှာ တည်ဆောက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိကြောင်း (Kalandan movement) ကုလားတန်လှုပ်ရှားမှု အဖွဲ့က အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ပြီး၊ ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းရုံးခန်းမှာ ဒီကနေ့နေ့လည်က ကျင်းပခဲ့ပါတယ်။
2013-06-11
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုှဇုန် ၄ မှာရှိတဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံသားပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမား ၁၆ဝဝ ကျော်ဟာ ရှားပါးစရိတ် ကျပ်နှစ်သောင်းတိုးပေးဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2013-06-11
ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က RFA ကို ပြောပါတယ်။
2013-06-11
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံ စီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ China Power Investment(CPI) ကုမ္ပဏီနဲ့ တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
2013-06-11
မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ မှာ ရင်းနှီးမြှုပ်နှံနေတဲ့ ထိုင်းကုမ္ပဏီတွေ က ဒေသခံတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင်ဖျက်စီးမှုတွေ ကျူးလွန်တယ်ဆိုရင် ထိုင်းအမျိုးသား လူအခွင့်အရေးကော်မရှင်မှာ တိုင်ကြားနိုင်ကြောင်း ထိုင်းအမျိုးသားလူအခွင့်အရေးကော်မ ရှင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Dr. Niran Pitakwatchara က ပြောကြားလိုက်ပါတယ်။