သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-12
ပန်းချီဆရာ ဦးခင်မောင်ရင် အသက် (၇၆) နှစ်ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့ လည် ၂ နာရီမှာ ရေဝေးသုသန်မှာ ဂူသွင်းသြင်္ဂိုဟ်ခဲ့ပါတယ်။
2014-06-12
ဇွန်လ ၁၀ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးပြီး သိမ်းပိုက်လိုက်တဲ့ မဟာသန္တိသုခကျောင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲမှာ အာဏာပိုင်တွေက ဒီကျောင်းမှာ ပီနန်ဆရာတော်ကြီးဟာ တရားမဝင်နေထိုင်တယ် လို့ ပြောဆိုချက်ကို ပီနန်ဆရာတော်ကြီးက ငြင်းဆိုလိုက်ပြီး ဒီကျောင်းကို အစိုးရက ဆရာတော်ကြီးကို လှူဒါန်းထား တာဖြစ်ကြောင်း ဆရာတော်ဦးပညာဝံသက RFA ကို မိန့်ပါတယ်။
2014-06-12
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေ တဲ့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး ချုပ်နဲ့ ဒုတိယ အရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Ms. Kyung-Wha Kang ဟာ ဒီကနေ့မှာ ပေါက်တောမြို့နယ်က ကြိမ်နီပြင်၊ ဆင်တက်မော်စတဲ့ မွတ်စလင်ဒုက္ခသည် စခန်းတွေအပြင် စစ်တွေမြို့နယ်က သက္ကယ်ပြင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။
2014-06-12
မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ၂၁ ရာစုမှာ မရှိသင့်တော့တဲ့အတွက် ဒီဥပဒေကြမ်းကို ပြန်ရုတ် သိမ်းသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု ရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ ကော်မရှင်က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-06-11
မျိုးစောင့်ဥပဒေ ပြဌာန်းသင့် မသင့်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖွဲ့ဟာ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2014-06-11
တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်မှု ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရမယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး က ဒီကနေ့ ပြော လိုက်ပါတယ်။
2014-06-11
မကွေးလေတပ်စခန်းဌာနချုပ် အခြေစိုက် ရုရှနိုင်ငံလုပ် MIG 29 တိုက်လေယာဉ် တစ်စီးဟာ ဒီနေ့ မနက်၁၀ နာရီလောက်က မကွေးမြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။
2014-06-11
လူငယ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ဖို့အတွက် မြန်မာငြိမ်းချမ်းရေး စင်တာက လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဒီနေ့ စတင်ကျင်းပနေ ပါတယ်။
2014-06-11
အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေကို ရွေးချယ်ရာမှာ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက် ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မဲခွဲအတည်ပြုလိုက်ပါ တယ်။
2014-06-11
မဟာသန္တိသုခကျောင်းတိုက်ကို မနေ့ညက သာသနာရေးဝန်ကြီးဌာနက ချိတ်ပိတ်လိုက်တာကို ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-06-11
ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိ သုခကျောင်းတိုက်ကို အင်အားသုံးချိတ်ပိတ် ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင်သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။
2014-06-11
မြန်မာ့တပ်မတော် ရေတပ်ဗိုလ် မှူးချုပ် ဌေးနိုင် ဦးဆောင်တဲ့ စစ်တွေ အခြေစိုက် ဓညဝတီ ရေတပ်ဌာနချုပ် က ရေတပ်အရာရှိအဖွဲ့တစ်ဖွဲ့ဟာ အိန္ဒိယတောင် ပိုင်း ရေတပ်ဌာနချုပ်ကို လေးရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့က ရောက်ရှိခဲ့ကြကြောင်းThe Hindu သတင်းက ဖေါ်ပြပါတယ်။
2014-06-11
မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် စီမံခန့်ခွဲမှု အတွက် နယ်သာလန်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေဟာ တိုးတက်အောင်မြင်မှုတွေရရှိနေပြီလို့ နယ်သာလန်ဝန်ကြီး က ပြောပါတယ်။
2014-06-11
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်၊ မူအန်းခရိုင်အတွင်း မနေ့ က မြေပြိုမှု ဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံသူ ဆောက်လုပ်ရေး အလုပ်သမ ၃ ဦးသေဆုံးသွားခဲ့ပါတယ်။
2014-06-10
ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင် ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာ သန္တိသုခ ကျောင်းတိုက်ကို မနေ့က အင်္ဂါနေ့ ည သန်းခေါင်ချိန်လောက်မှာ ရဲတပ်ဖွဲ့၊ သာသာနာရေးဌာန၊ မြို့နယ်နဲ့တိုင်းသံဃာတချို့ရောက်လာပြီး ကျောင်းရှိ သံဃာတွေကို သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွား သလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့သိရ ပါတယ်။