သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-09
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေ စီပါတီသစ်ကနေ ကိုယ်စားလှယ်လောင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဌ လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောပါတယ်။
2015-08-09
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ် တယ်ဆိုပြီး ဖမ်းဆီးတရားစွဲရာမှာ သုံးတဲ့ ပုဒ်မ ၁၇ (၁) မရှိသင့်တော့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောပါတယ်။
2015-08-08
၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော် ပုံ နှစ်ပတ်လည်အဖြစ် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံ သားတချို့ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-08-08
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်မြို့လုံးနီးပါး ရေကြီး ခဲ့ရာမှာ အခုရေပြန်ကျသွားပြီဖြစ်ပေမယ့် ရေနဲ့အတူပါလာ တဲ့ နုန်းမြေတွေကြောင့် အတော်များများ အိမ်တွေပျက်စီး သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-08-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
2015-08-08
ဝှိုက်ကဒ် (White Card) ခေါ် ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းရှိတဲ့ မွတ်စလင်တွေကို လာမယ့်ရွေးကောက်ပွဲ မှာ မဲပေးခွင့်မရှိဘူးလို့ သတ်မှတ်လိုက်တာဟာ ရခိုင်ပြည် နယ်က မွတ်စလင်တွေကို စနစ်တကျ ခွဲခြားဆက်ဆံမှုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ က ပြော ပါတယ်။
2015-08-08
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအတွက် တူညီတဲ့ လုပ်ငန်းစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဖြစ်တာကြောင့် တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ လက်တွဲညီရ မှာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-08-07
ဓာတုလက်နက်ထုတ်လုပ်တာ၊ သိုလှောင်တာနဲ့ အသုံးပြု တာတွေကို တားမြစ်တဲ့ CWC ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာချုပ်မှာ မြန်မာနိုင်ငံ မနေ့က အာဏာစတင် သက်ရောက်သွားပါတယ်။
2015-08-07
၁၉၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်အဖြစ် ကနေဒါနိုင် ငံရောက် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူတချို့အော့ တဝါမြို့ရှိ မြန်မာသံရုံးကို မနေ့က သွားရောက် ဆန္ဒပြခဲ့ကြ ပါတယ်။
2015-08-07
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီ က သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ် သွားရောက်ခွင့်ပိတ်ပင်ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက် ကြာ နေထိုင်ခွင့်တောင်းခံခဲ့တာကိုလည်း ၅ ရက်ပဲခွင့်ပြု ခဲ့ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2015-08-07
ရန်ကုန်တိုင်း တိုက်ကြီးမြို့နဲ့ ပဲခူးတိုင်း သာယာဝတီမြို့က ရေဘေး ကယ်ဆယ်ရေးတွေမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ တုပ်ကွေးရောဂါနဲ့ အရေပြားယားယံ တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လိုက်ပါပြီး ကျန်းမာရေး စစ်ဆေးပေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။
2015-08-07
မတရားအသင်းဆက်သွယ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ မန္တလေးမြို့က သင့်မြတ် လိုသူများအဖွဲ့ဝင် ၃ ဦး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ အာမခံပေးဖို့ သူတို့ ရဲ့ရှေ့နေက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
2015-08-07
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။
2015-08-07
လာမယ့်ရွေးကောက်ပွဲမှာ မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ ်ဗဟိုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးကို မြို့နယ် ပါတီဝင်တွေက လက်မခံနိုင်တဲ့အတွက် အစား ထိုးပေးဖို့ ဒီနေ့ လူတွေရာနဲ့ချီ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-08-07
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဒီနေ့ ဆက်လက်ဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင် လက်မှတ်ရေး ထိုးနိုင်ရေးဆိုတဲ့ အချက်အပေါ် နှစ်ဘက်သဘောတူ ညီမှုမရရှိပဲ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။