သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-12
မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ မူဝါဒ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် ဒီနှစ်အတွင်း စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေကြား လုပ်ငန်းဆိုင်ရာ ယုံကြည်မှု ထိုးစိုက် ကျဆင်းသွားခဲ့တယ် လို့ လေ့လာချက်တခုက ဆိုပါတယ်။
2017-12-12
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေရဲ့ မိုင်းခွဲမှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုအပါအဝင် တခြားသော ထိခိုက်ခံစားမှုတွေကို ဒေသခံတွေက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေထံ ဒီနေ့ တင်ပြလိုက်ပါတယ်။
2017-12-12
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို မကွေးတိုင်းအတွင်းက အထင်ကရ နေရာ ၃ ခုမှာ ပြတိုက်အနေနဲ့ထားရှိဖို့ စီစဉ်ထားတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
2017-12-12
မြန်မာ့စီးပွားရေးကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်ကုမ္ပဏီတွေရဲ့ စီးပွားရေးယုံကြည်စိတ်ချမှု Business Confidence သိသိသာသာလျော့ကျသွားတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ ဂျာမနီနဲ့ ဥရောပ အခြေစိုက် စီးပွားရေး အကြံပေးအဖွဲ့ဖြစ်တဲ့ ရိုလင်ဘာဂျာ Roland Berger တို့ ပူးပေါင်းပြီး ကောက်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးစစ်တမ်း Myanmar Business Survey 2017 မှာ ဖော်ပြထားပါတယ်။
2017-12-12
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ City Energy ဓါတ်ဆီဆိုင်ကို ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူ ၂၀၀ ကျော်လောက်က ဒီနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2017-12-12
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ ယာဉ်၊ ရထား အပါအဝင် ခေတ်ကာလနဲ့ ကိုက်ညီတဲ့ အဝတ်အထည် အစရှိတဲ့ အထောက်အကူ ပစ္စည်းတွေကို ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ကူညီဆောင်ရွက်ပေး သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က ဒီနေ့ ပြောပါတယ်။
2017-12-11
မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်တွေ အများကြီးရှိပြီး ရေအားလျှပ်စစ်တွေ ဖေါ်ထုတ်နိုင်ချေ အတော်အသင့် ရှိတယ်ဆိုပေမယ့် ရေသန့် ရှားပါးပြတ်လတ်မှု မရှိဘူးလို့ မဆိုနိုင်ပါဘူး လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2017-12-11
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဒီနေ့အချိန်ထိ တရားစွဲခံရသူ ၁၀၀ ကျော်လာပြီဖြစ်ပြီး ဥပဒေကို ပြင်ဆင်လိုက်ပေမယ့် ပြောင်းလဲမှုမရှိတာကြောင့် ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်း သင့်ကြောင်း Free Expression Myanmar (FEM)အဖွဲ့က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2017-12-11
ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ထိုင်ဝမ်နိုင်ငံတွေကို MOU အိမ်အကူလုပ်သားတွေစေလွှတ်ဖို့ အတွက် အစိုးရချင်း ဆွေးနွေးညှိနှိုင်းနေတယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ဒီနေ့ ပြောပါတယ်။
2017-12-11
ကချင်ပြည်နယ်အစိုးရနဲ့ ပြည်သူတွေ လုပ်ငန်းရှင်တွေ စုပေါင်းပြီး ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ်သိန်းပေါင်း ၃ ထောင် နီးပါးကို ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။
2017-12-11
ပြည်တွင်းမှာ ကြက်သွန်နီဈေးတွေ မြင့်တက်နေတဲ့အတွက် ပြည်ပကနေ ကြက်သွန်နီဝယ်ယူ တင်သွင်းခွင့်ကို လတ်တလော ခွင့်ပြုပေးထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ဒီနေ့ ပြောပါတယ်။
2017-12-11
လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးစားစဉ်မှာ ဖမ်းဆီးခံထားရတဲ့ လေးဦးထဲ က နိုင်ငံခြားသားနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) နဲ့ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2017-12-11
အပစ်ခတ်ရပ်စဲရေး NCA မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးဖို့ ကျန်နေတဲ့အချက်တွေ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့ညက စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။
2017-12-10
ပရဟိတအဖွဲ့ ၄၀ လောက် စုပေါင်းပြုလုပ်တဲ့ Clean Yangon အမှိုက်ကောက်လှုပ်ရှားမှုကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံမှာ စတင်ပြုလုပ်ခဲ့ပါတယ်။
2017-12-10
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးအခြေအနေတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေက ဒီနေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက်လေ့လာသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ဒီနေ့ ပြောပါတယ်။