သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-17
ကရင်ပြည်နယ် မြဝတီခရိုင်က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်ထဲကို ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက် စီးနင်းရာကနေ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကနေ ဒီဇင်ဘာ ၁၇ ရက်ညအထိ တိုက်ပွဲတွေ ရပ်စဲခြင်းမရှိသေးတာကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနိုင်တယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-12-17
မြန်မာစစ်တပ်ဟာ မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေနဲ့ ဆေးဝါးတွေကို အရပ်သား ပြည်သူတွေဆီ အရောက်ပေးပို့လို့မရအောင် ပိတ်ဆို့ဟန့်တားနေတယ်လို့ ဗြိတိန် အခြေစိုက် AI- Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။
2021-12-17
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မွန်လွဲ ၂ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ် ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-17
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ် မြောက်ဘက် နှစ်မိုင်ခန့်အကွာ မယ့်ထော်သလေးနဲ့ ပဟိကလော်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းအထိ စစ်ကောင်စီ တပ်တွေနဲ့ KNU လက်အောက်ခံ KNLA၊ NUG လက်အောက်ခံ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-17
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အထူးတရားရုံး မှာ ထောင်ဝတ်စုံနဲ့ ဒီနေ့ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-17
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Bago Weekly ဂျာနယ်က သတင်းထောက် ကိုငြိမ်းချမ်းဝေကို စစ်ပုန်ကန်လာအောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၁၆ ရက် မနေ့က ထောင်သုံးနှစ် အမိန့်ချလိုက်တယ် လို့ မိသားစုဝင် RFA ကို ဒီနေ့ပြောပါတယ်။
2021-12-17
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်ခွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကိုးကန့် တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-12-17
ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ယူရိုငွေ သုံးသန်း ထပ်တိုးထောက်ပံ့လိုက် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဒီဇင်ဘာလ ၁၆ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
2021-12-17
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီး မယ့်ထော်သလေးရွာမှာ ဒီဇင်ဘာ ၁၆ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို လက်နက်ခဲ ယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးမိထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PVTV သတင်း ဋ္ဌာနက ဒီနေ့မနက်က ဖော်ပြပါတယ်။
2021-12-17
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု တက်ရောက် ချီးမြှင့်ပေးခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဗိုလ်ကလေးတင့်အောင်ဟာ ဒီဇင်ဘာလ ၁၆ ရက် မနေ့ညပိုင်းမှာ ကွယ်လွန်သွားပါတယ်။
2021-12-16
ကရင်ပြည်နယ်လေးကေ့ကော်မြို့သစ် မယ့်ထော်သလေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး အဲဒီအထဲက တစ်ထောင်ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်လာတယ်လို့ ကရင်အမျိုးသမီး အစည်းအရုံး (KWO) က RFA ကို ပြောပါတယ်။
2021-12-16
အမေရိကန်အစိုးရရဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) က စွမ်းဆောင်ရည် ရှိတဲ့ သတင်းထောက်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ DAVID BURKE ဆုကို အခုနှစ်အတွက် အေဂျင်စီကွန်ရက်အတွင်းက သတင်းထောက် ၅ ဦးကို ချီးမြှင့်ခဲ့ရာမှာ RFA သတင်းထောက် မစိုးစိုးထက်လည်း ဆု ရရှိခဲ့ပါတယ်။
2021-12-16
မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိထားတဲ့ နယ်စပ်အခြေစိုက် အိန္ဒိယ တော်လှန်ရေး တပ်ဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီက အိန္ဒိယအာဏာပိုင်တွေကို ပြီးခဲ့တဲ့ ကြာသပတေး နေ့က လွှဲပြောင်းပေးလိုက်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ကို ကိုးကားပြီး AP သတင်း တစ်ရပ်မှာ ဖော်ပြပါတယ်။
2021-12-16
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ ကျန်းမာရေး မကောင်းတဲ့အတွက် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူ့ရှေ့နေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-16
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီပူတာရပ်ကွက်မှာရှိတဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ နေအိမ်ကို ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့ နေ့လယ်က စစ်ကောင်စီက ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။