သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-07
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ North Shore Group အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က ဒီနေ့ အလုပ်ကနေ ထုတ်လိုက်ပါတယ်။
2015-12-07
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ဟာ တစ်နိုင်ငံလုံးကို မလွှမ်းခြုံကြောင်း၊ လက် မှတ်ရေးထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား နားလည်မှုလွဲမှားနိုင်ကြောင်း နဲ့ ပါဝင်လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနိုင်ကြောင်း စတဲ့အချက် ၃ချက်ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာချုပ် မှာ အသိသက်သေအဖြစ် လက်မှတ်မရေးထိုးတာဖြစ်တယ် လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့် က ဒီနေ့ ပြောပါတယ်။
2015-12-07
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆန္ဒပြမှုနဲ့ မနေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင် ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။
2015-12-07
တရုတ်-မြန်မာနယ်စပ် လမ်းကြောင်းတွေ ကနေ မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက် သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကချင်ပြည်နယ်မှာ လုံခြုံရေးသတိရှိ ကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ပြည်နယ်ရဲတပ်ဖွဲ့ရုံးထံ ညွှန်ကြားစာ ပေးပို့ထားပါတယ်။
2015-12-07
ဗမာအပါအဝင် တိုင်းရင်းသားအားလုံးက ငါတို့ဘာပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ချဉ်းကပ်မှ သာ ပြည်ထောင်စုကြီးဟာ အေးချမ်းပြီး တိုးတက်နိုင် မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
2015-12-06
အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေရပ်ဆိုင်းဖို့ မနက်ဖြန် နေပြည်တော် မှာ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ UPWC အဖွဲ့နဲ့ SSPP/SSAတို့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
2015-12-06
ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။
2015-12-06
မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ အဖွဲ့ ဥက္ကဌ မစုစုနွေးကို ပြင်ဦးလွင်မြို့နယ် ဧဒင်မိုတယ်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့် အရေးဟောပြောပွဲအပြီး ပြင်ဦးလွင်ရဲစခန်း က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2015-12-06
၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။
2015-12-05
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့်ခေါ် ကိုနေရွှေသွှေးအောင်ရဲ့ Facebook စာမျက်နှာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ နေပြည်တော်က ဦးသန်းရွှေအိမ်မှာ ၄ ရက်နေ့ က တွေ့ဆုံခဲ့ကြောင်းနဲ့ ဒီစာကို နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ပါသည်ဆိုပြီး စာတစ်စောင် မနေ့ က ရေးထားပါတယ်။
2015-12-05
အစိုးရအပြောင်းအလဲ ကို အောင်မြင်ချောမွေ့စေဖို့အတွက် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက် သွားမယ်လို့ သမ္မတဦးသိန်းစိန်က မြန်မာပြည်သူတွေကို ဒီနေ့ရက်စွဲနဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာပြောဆိုလိုက်ပါတယ်။
2015-12-05
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုထဲက ငွေကြေးအလွှဲအပြောင်းဆိုင်ရာ ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2015-12-05
ရခိုင်အမျိုးသားပါတီ(ANP)က လာမယ့် အစိုးရသစ်လက်ထက်မှာ ပါတီရဲ့ ရပ်တည်ချက်နဲ့ ရခိုင်တစ်မျိုးသားလုံး ရဲ့အကျိုးစီးပွားအပေါ်မှာမူတည်ပြီးမှသာ ရွေးကောက်ပွဲအနိုင်ရပါတီတွေနဲ့ ဆက်ဆံသွားဖို့ ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ် လိုက်ကြပါတယ်။
2015-12-05
ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းဟာ စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်မှာ တည်ရှိနေ တဲ့အတွက် ငလျင်အန္တရာယ်နဲ့ ကြုံတွေ့နိုင်တာမို့ လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောက်လုပ်သင့်၊ မသင့် စဉ်းစားဖို့လိုအပ်ကြောင်း ဘူမိဗေဒပညာ ရှင်ဒေါက်တာချစ်ကိုကိုက ပြောလိုက်ပါတယ်။
2015-12-05
ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်ပျဉ်းမနားမြို့ မေခန်းမမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။