သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-07
လယ်ယာမြေပြဿနာတွေမှာ တရားမျှတမှု ရှိစေဖို့အတွက်ဆိုပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာ ဒေသခံ ၁၀၀ လောက်က ရပ်စောက်မြို့တော်ခန်းမရှေ့ကနေ လွတ်လပ်ရေးကျောက် တိုင်အထိ ဒီနေ့မနက်က လမ်းလျှောက်ပြီး တောင်းဆိုကြ ပါတယ်။
2016-04-07
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်း မှာဖြစ်ကြောင်း သူ့ရဲ့ ပထမဆုံးကြေညာချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2016-04-07
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရ ကို ထောက်ခံတဲ့အနေနဲ့ ကနေဒါနိုင်ငံက အမေရိကန်ဒေါ်လာ ၄၄ သန်းကူညီမယ်လို့ ကနေဒါနိုင် ငံခြားရေးဝန်ကြီး Stephane Dion က ပြောပါတယ်။
2016-04-06
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားမယ့် ဥပဒေကြမ်းကို သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။
2016-04-06
အမေရိကန်သမ္မတ အိုဘားမားက သမ္မတ ဦးထင်ကျော်ကို မနေ့က ပထမဆုံးအကြိမ် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီရေးအတွက် ရှေ့ကို ချီတက်နိုင်မယ့် သမိုင်းဝင်ခြေ လှမ်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
2016-04-06
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ဖို့အတွက် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ်က ဆုတောင်းပွဲ ကျင်းပခဲ့သူ ၆ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
2016-04-06
စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ တစ်လကျော်ကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမား ၁၀၀ ကျော်ဟာ ဒီကနေ့ စစ်ကိုင်းမြို့မှာ လှည့်လည်ဆန္ဒပြကြပါတယ်။
2016-04-06
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့ကို တရုတ်နိုင်ငံကို လည်ပတ်ဖို့ ဖိတ်ကြားကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ခန့်အပ်လိုက်တာကို ဝမ်းမြောက်ကြောင်း တရုတ် သမ္မတ Xi Jinping က ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ Wang Yi က ပြောပါတယ်။
2016-04-06
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားရေးမှာ အခုလို အရေးကြီးတဲ့အချိန်အခါမှာ လာရောက်လည်ပတ် ခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အီတလီ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထောက်ခံကူညီသွား မှာဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က ပြောပါတယ်။
2016-04-06
ကျပ်ငွေ ၃၂ ဘီလျံကျော်ကုန်ကျမယ့် ရန်ကုန်တိုင်းထဲက ကမ္ဘာအေးနဲ့ ပါရမီ လမ်းဆုံနဲ့ မြောက်ဥက္ကလာပ လမ်းဆုံတွေ မှာ တည်ဆောက်မယ့် ခုံးကျော်တံတားနှစ်စင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး အဲ့ဒီအစား ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပ က မြို့နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုဖို့ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-04-05
တရုတ်အစိုးရပိုင် ဂွမ်ဒေါင်း ဂျန်ရောင်း Guangdong Zhenrong စွမ်းအင်ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး အကောင် အထည်ဖော်မယ့် ရေနံသန့်စင်စက်ရုံစီမံကိန်းအတွက် သဘောတူခွင့်ပြုချက် ရရှိသွားပြီလို့ ကြေညာလိုက်ပါတယ်။
2016-04-05
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော်ကြီးတွေကို မနေ့က တွေ့ဆုံခဲ့ပြီး သာသနာ တိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက် မှာဖြစ်ကြောင်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
2016-04-05
ပြည်ထောင်စုဝန်ကြီးအသစ် နှစ်ဦး နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင် စု ရှေ့နေချုပ်တို့ကို ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိတာကြောင့် ဒီနေ့ အတည်ပြု လိုက်ပါတယ်။
2016-04-05
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖဲ့ွဝင် ဦးဝင်းထိန်ကို ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ဒီနေ့ တာဝန်ပေးအပ် လိုက်ပါတယ်။
2016-04-05
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အိုးဘိုအနောက်ရပ်ကွက်မှာ တွံတေး တူးမြောင်း ကမ်းပါးပြိုကျ တာကြောင့် နေအိမ် ၆ လုံး ရေနဲ့မျောပါသွားပြီး ကမ်းပါးနဲ့ ၁၂ ပေအကွာ နေရာတွေကို အန္တရာယ်ရှိတဲ့နေရာတွေအဖြစ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။