သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-08
ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာမှာ ဒီကနေ့ မနက် အစောပိုင်းလောက်က ပြည်သူ့စစ်အဖွဲ့၊ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
2018-04-08
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ရသူအားလုံးကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မှာ ပြောလိုက်ပါတယ်။
2018-04-07
လာမယ့်တစ်ပတ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့ကို သွားရောက်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး တာဝန်ရှိသူတွေ ပြင်ဆင်နေကြပါတယ်။
2018-04-07
ရခိုင်ပြည်နယ် အမ်းမြို့မှာ မြန်မာ-တရုတ် ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတာတွေကို မဖြေရှင်းပေးလို့ဆိုပြီး CNPC ကုမ္ပဏီနဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဒေသခံ ၁၀၀ ခန့်က ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-04-07
ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကနေ ရွေးချယ်လိုက်တဲ့ လူငယ်ကိုယ်စား လှယ်တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အင်အားဖြစ်တယ်လို့ ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
2018-04-07
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ သွားရောက်ရှင်းပြခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုထားပါတယ်။
2018-04-07
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိတယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-04-06
ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့က ရှေးဟောင်းစေတီပုထိုးတွေကို ကုလသမဂ္ဂ ကမ္ဘာ့အမွေ အနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် လာမယ့်နှစ် စက်တင်ဘာလမှာ မူကြမ်းတင်ပြသွားမယ် လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ပြောပါတယ်။
2018-04-06
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Ms. Ursula Mueller ဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာက ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် ကယ်ဆယ်ရေးစခန်းကို ဒီကနေ့ လေ့လာခဲ့ပါတယ်။
2018-04-06
၃ လကြာ လစ်လပ်နေတဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဝန်ကြီး ၂ဦးနေရာအတွက် ဒီနေ့ မကွေးတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2018-04-06
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်က နမ်ရှနီ အရပ်ဖက် လူမူအဖွဲ့အစည်းကို ဦးဆောင် လုပ်ကိုင်နေတဲ့ ဆရာမင်ဆိုင်း ကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဧပြီလ ၅ ရက်နေ့က မနေ့က ဖမ်းဆီးပြီး ပူတာအိုထောင်ကို ပို့လိုက်ပါတယ်။
2018-04-06
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းဒေသမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန် လည်နေရာချထားခြင်း မပြုဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။
2018-04-06
တပ်မတော်က တက်ရောက်မယ့် လူဦးရေကို ကန့်သတ်တာကြောင့် ရွှေ့ဆိုင်းထားရတဲ့ လူထုတွေ့ဆုံပွဲတွေကို မကြာခင်မှာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသမှာကျင်းပဖို့ မွန်ပြည်သစ်ပါတီက ပြင်ဆင်နေပါတယ်။
2018-04-05
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ် ခံခဲ့ရကြောင်းနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ အဲဒီလူတွေကို ဖိလစ်ပိုင်နိုင်ငံက လက်ခံလို ပါကြောင်း ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-04-05
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရှိတ် ဟာစီနာက သူတို့နိုင်ငံရောက် ရိုဟင်ဂျာ မွတ်စလင်တွေ နေရပ်ပြန်ပို့ရေးနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရနဲ့ သူတို့အစိုးရ ပူးပေါင်း ကြိုးပမ်းနေပေမယ့်လည်း အခုအချိန်အထိ မြင်သာထင်သာ တိုးတက်မှုတော့ မရှိသေးဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။