သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-04
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒီနေ့ တေ့ွဆုံခဲ့သလို စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ခဲ့ပါတယ်။
2018-04-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားကျေးရွာဘက်မှာ ဒီနေ့နေ့လည်က တောထဲကို ဟင်းသွားရှာတဲ့ မြိုတိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေက ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောပါတယ်။
2018-04-04
ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးမှာ တာဝန်ကျနေတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေအပါအဝင် ရဲအရာရှိ ၃၀ လောက်ကို တခြားတိုင်းနဲ့ပြည်နယ် အသီးသီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့်စာ ထုတ်ပြန်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတွေက ပြောပါတယ်။
2018-04-04
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် ဒေသခံတွေဆီက ငွေကြေးကောက်ခံခဲ့တဲ့အပြင် သတင်းသမားကိုပါ သတင်းမရေးဖို့ ငွေနဲ့ညှိနှိုင်းခဲ့တယ်ဆိုပြီး NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် ကို အလွတ်သတင်းထောက် ကိုသူရစိုးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားပါတယ်။
2018-04-03
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ခွာလာခဲ့ကြသူ မွတ်စလင် ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စီး မလေးရှား ကမ်းခြေကို ဒီနေ့ ရောက်ရှိလာခဲ့ရာမှာ၊ သူတို့ကို မလေးရှား အာဏာပိုင်တွေက နိုင်ငံတွင်း ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။
2018-04-03
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကို လာရောက်ရေးကိစ္စ မြန်မာဘက်က သဘောတူလိုက်ပြီလို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကို သွားခွင့်ရ၊ မရ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
2018-04-03
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့မနက်မှာ မွတ်စလင် အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တချို့နဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံခဲ့ ပါတယ်။
2018-04-03
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က ပထမလီဆူနှစ်ခြင်းခရစ်ယာန် အသင်းတော်ခန်းမ မှာ ပထမဆုံးအကြိမ် ပေးအပ်တဲ့ လီဆူမျိုးချစ်ပုဂ္ဂိုလ်ဆု ပေးပွဲအခမ်းအနား ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2018-04-03
ပြည်သူလူထုအကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ အကျိုးပျက်စီးအောင်လုပ်တယ်ဆိုပြီး မွန်ပြည်နယ် ပေါင်မြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် ကို ဒေသခံ ၂၀၀ ဝန်းကျင်က မော်လမြိုင်မြို့မှာ ဒီနေ့ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-04-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းဒေသမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်နေရာ ချထားခြင်း မပြုဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-04-03
ကချင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုထားတဲ့ အဆိုတွေကို အစိုးရက အကောင်အထည်ဖော် မှု နှေးကွေးနေကြောင်း ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတစ်ရပ်က ဒီနေ့ အစီရင်ခံစာတင်သွင်းချိန်မှာ ထောက်ပြခဲ့ပါတယ်။
2018-04-03
မကွေးတိုင်းအစိုးရအဖဲ့ွအတွင်း လစ်လပ်နေတဲ့ဝန်ကြီးနှစ်ဦးနေရာအတွက် ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းထားသူနှစ်ဦးနဲ့ ပတ်သက်ပြီး လာမယ့် ဧပြီလ ၅ရက်နေ့မှာကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
2018-04-03
ပဲခူးတိုင်းဒေသကြီး တောင်ငူလေတပ်စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ F-7 လေယာဉ်တစ်စီး ဟာ ဒီနေ့မနက်ပိုင်းက တောင်ငူမြို့အနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်း သေဆုံး သွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-04-02
ရခိုင်ပြည်နယ် ပြဿနာနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
2018-04-02
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေဟာ Facebook လူမှုကွန်ရက်ကို အဓိက သုံးစွဲ ဖြန့်ချိခဲ့တယ်ဆိုတာ သိရှိလိုက်တာနဲ့ အဲဒီပြဿနာ အမြန်ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ကြောင်း Facebook တည်ထောင်သူ Mark Zuckerberg က ပြောပါတယ်။