သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-12
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှာ အသတ်ခံထားရတဲ့ရွာသား ခြောက်ယောက်ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-12
ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့သူတွေကို ဧည့်စာရင်းနဲ့ ရပ်ကွက်ထောက်ခံစာတွေ ထုတ်ပေးမှာမဟုတ်ဘူးလို့ မန္တလေးမြို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာနတွေက လိုက်လံကြေညာနေပါတယ်။
2021-12-12
မန္တလေးမြို့ ၆၂ လမ်းပေါ်က ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့မနက်က ဇနီး မောင်နှံနှစ်ယောက် ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ပစ်ခံရလို့ နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။
2021-12-11
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုနဲ့ စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား ရဲဟိန်းဇော်ဟာ "သံတမန်တစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု" နဲ့ အပြစ်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု တရားရေးဌာန၊ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးရှေ့နေ Damian Williams က ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2021-12-11
အမွေပြတ်စွန့်လွှတ်ခံထားရတဲ့ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း ကိုချမ်းမြေ့ကိုရဲ့ မိဘနေအိမ်ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ချိတ်ပိတ်ခံလိုက်ရတယ်လို့ ကိုချမ်းမြေ့ကိုက ပြောပါတယ်။
2021-12-11
လူ ၁၁ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒုန်းတောရွာနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံရွာသားတွေက RFA ကိုပြောပါတယ်။
2021-12-11
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရင်ကြားစေ့ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်လိုက် ပါတယ်။
2021-12-11
ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျတာဝန်ယူချိန်မှာ မြန်မာစစ် ကောင်စီကို ဘာမှလိုက်လျောတာမလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ရဲ့ ကမ္ဘောဒီးယားခရီးစဉ်အတွင်း မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။
2021-12-11
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ဒီဇင်ဘာ ၉ နဲ့ ၁၀ နှစ်ရက်အတွင်း ကျောင်းသား လူငယ် ကိုးယောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။
2021-12-11
အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာရပ်ဖို့၊ မြန်မာ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် India For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၀ ရက် မနေ့ က အိန္ဒိယအစိုးရကို တောင်းဆို လိုက်ပါတယ်။
2021-12-11
မကွေးတက္ကသိုလ် ဒဿနိကဗေဒဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ စုအေးဝင်း ဟာ ဒီဇင်ဘာ ၉ ရက် ည ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး တာခံလိုက်ရပါတယ်။
2021-12-11
တစ်နိုင်ငံလုံးမှာ ဒီဇင်ဘာ ၁၀ ရက် မနေ့က အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ် လုပ်ခဲ့ပြီးနောက် ဒီနေ့မြို့နယ်တချို့မှာ ဈေးဆိုင်တွေမဖွင့်ဖို့ တားမြစ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-11
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ရွာက အသက် ၆၂ နှစ်ရှိ ကချင် တိုင်းရင်းသူ အမျိုးသမီး တစ်ဦးအပေါ် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို နယ်ဘက်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချလိုက်တယ်လို့ ဒီဇင်ဘာ ၁၀ ရက် မနေ့က စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2021-12-10
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက် မနေ့က အာဏာ သိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသတဲ့ အသံတိတ်သပိတ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချီးကျူး လိုက်ပါတယ်။
2021-12-10
စစ်ကောင်စီက ခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့ကို အမေရိကန်ပြည်ထောင်စု က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့စာရင်းမှာ ထည့်သွင်း လိုက်ပါတယ်။