သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-09
ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ဖြန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်မယ့် အသံတိတ်သပိတ်နေ့မှာ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အပြင်မထွက်ကြဖို့နဲ့ ခရီးသွားလာတာ မလုပ်ဖို့ အဆင့် ၄ ရှိတဲ့ သတိပေးချက်ကို ဒီနေ့မှာပဲ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
2021-12-09
ရန်ကုန်မြို့မှာနေထိုင်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ကို ဒီဇင်ဘာလ ၈ ရက် မနေ့မှာ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ် သုံးနှစ် ထပ်မံချလိုက်ပါတယ်။
2021-12-09
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ မြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ ဝန်ကြီးသုံးဦးနဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးတို့ကို ဒီဇင်ဘာလ ၈ ရက်က အိုးဘိုအကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
2021-12-09
NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဩစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့အမှုနှစ်ခုထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုနဲ့ပတ်သက်လို့ ဒီနေ့မှာ စစ်ဆေးရမယ့် တရားလိုပြသက်သေ မလာတဲ့ အတွက် နောက်တစ်ပတ် လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-09
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၂၉၃ ယောက် စံချိန်တင် အကျဉ်းချခံခဲ့ ရပြီး အဲဒီထဲက လေးပုံတစ်ပုံဟာ တရုတ်နဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဒီနေ့ပြောလိုက်ပါတယ်။
2021-12-09
ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာစစ်ခေါင်းဆောင် တွေကို အာဆီယံက အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားချိန်မှာပဲ လာမယ့်နှစ် ကျင်းပမယ့် အာဆီယံ အစည်းအဝေးတွေကို တက်ရောက်နိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား စစ်ဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။
2021-12-09
NLD အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အပါအဝင် ဒုဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ထွန်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့ သုံးဦးကို စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-12-09
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စပယ်နံ့သာရွာက CDM အလယ်တန်းပြဆရာ ဦးလှိုင်ဝင်းကို စစ်ကောင်စီ တပ်သားတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီဆိုတဲ့အကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ မိသားစုထံ အကြောင်းကြားလာ တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-12-08
ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့ အတွက် အလွန်စိုးရိမ်ပူပန်ကြောင်း လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-12-08
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) ဟာ လာမယ့်သီတင်းပတ်အတွင်း အရှေ့တောင်အာရှကို ခရီးထွက်ပြီး ရောက်ရှိရာနိုင်ငံ တိုင်းမှာ မြန်မာနိုင်ငံက ဆိုးသထက်ဆိုးလာနေတဲ့ အခြေအနေတွေကို ပြောဆိုဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။
2021-12-08
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား ၁၀၀ လောက်ဟာ သူတို့ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်းမှာတွေ့တဲ့ အရပ်သားသုံးယောက်ကို သတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-08
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကနေ ကွတ်ခိုင်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် နှစ်နာရီလောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-08
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တာဝန်ထမ်းဆောင် ခဲ့တဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးငါးဦးကို ဒီဇင်ဘာ ၈ ရက်နေ့ ဒီကနေ့မှာ တရားလိုအပါအဝင် ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
2021-12-08
စစ်ကောင်စီ ရဲ့ ခမရ ၄၀၇ စစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ (KNLA) နဲ့ အရပ်သား ခုခံကာကွယ်ရေး တပ်မတော် (PDF) တွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၆ ရက်က KNU ထိန်းချုပ်နယ်မြေထဲမှာ တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
2021-12-08
Mytel Myanmar အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ စာမျက်နှာတွေ၊ ဂရုတွေနဲ့ အကောင့်တွေကို Facebook ပေါ်ကနေ ဖြုတ်ချပြီး အရေးယူမှု တိုးမြှင့်လိုက်တယ်လို့ ဒီဇင်ဘာ ၈ ရက် ဒီနေ့မှာ Meta ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။