သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-28
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအဝင် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။
2012-07-28
နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘဝအခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။
2012-07-27
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2012-07-27
မြန်မာသွင်းကုန်တွေ ပိတ်ပင်တဲ့ အမေရိကန် ဥပဒေကို သက်တမ်းတိုးခဲ့မယ်ဆိုရင် သာမန် မြန်မာပြည်သူတွေကိုသာ ထိခိုက်မှာ ဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး သုတေသနအဖွဲ့ ICG က ဒီကနေ့ ပြောလိုက်ပါတယ်။
2012-07-27
တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
2012-07-27
ရွေးကောက်ပွဲစနစ် ပြောင်းလဲ ပြုပြင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ပါတီတို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
2012-07-27
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင်ပါ NLD နာယက အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ဒီကနေ့ ခေါ်ယူ သတိပေးခဲ့ပါတယ်။
2012-07-27
၈၈ မျိုးဆက် ကျောင်းသားတွေ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး သွားရောက် ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။
2012-07-27
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
2012-07-27
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှာ ဆွစ်ဇာလန်နိုင်ငံက ကလေးကု အထူးကု ဆရာဝန်ကြီး တစ်ဦး ခေါင်းဆောင်တဲ့ အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် တစ်ခုကို မြို့နယ်ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ မနေ့က ပိတ်ပင် လိုက်တဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
2012-07-27
ရန်ကုန်မြို့ အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမအတွင်းဝန် Mr. Douglas Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ဒီနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2012-07-26
မြန်မာနိုင်ငံက သွင်းကုန်တွေ တားမြစ်တဲ့ အမေရိကန် ဥပဒေ သက်တမ်းကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကုန်ဆုံးမယ်လို့ ယာယီ သတ်မှတ်လိုက်ပါတယ်။
2012-07-26
ရန်ကုန်တိုင်း သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ လယ်တွေကို မူလလယ်သမားတွေ ပြန်ပြီးထွန်ယက်တဲ့အတွက် ဒီနေ့မနက်မှာ စစ်တပ်က လက်နက်နဲ့ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။
2012-07-26
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းဖို့အတွက် ဒုတိယ အကြိမ်မြောက် (၃) ရက်ကြာ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ် လိုက်ပါတယ်။
2012-07-26
ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လု့ိ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။