သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-20
ကချင်ပြည်နယ် ဗန်းမော်ခရိုင်က စစ်ဘေးဒုက္ခသည် ၈၄ ယောက်ကို မန်စီမြို့နယ် မံခန်ရေခူး ရွာအနီးက တန်ဖိုးနည်းအိမ်ယာမှာ မိသားစုတွေအလိုက် နေရာချထားပေးပြီး ပြည်နယ်လူမှုရေး ဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က မနေ့က ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
2017-11-20
စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာရှိတဲ့ မြို့တွေကို တရုတ်နိုင်ငံက ငလျင်ပညာရှင်တွေနဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မြေငလျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
2017-11-20
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်မတော်ဘက်က ဟယ်ရီကော်ပတာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်ပါတယ်။
2017-11-20
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူအ ထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး 'ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ' လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2017-11-20
မွန်ပါတီတစ်ခုတည်း မပေါင်းစည်းနိုင်သေးတာကြောင့် ကော့ကရိတ်မြို့နယ်က မွန်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေဟာ မူလပါတီတွေ ကနေ ဒီနေ့ နုတ်ထွက်လိုက်ပါတယ်။
2017-11-20
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆို ခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ပြန်လည်လွတ်မြောက်စေဖို့၊ သင်္ကန်းပြန် ဝတ်နိုင်ဖို့အတွက် မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခအမှု ကူညီစောင့်ရှောက်သူများ အဖွဲ့က ဒီကနေ့ ရန်ကုန်မြို့က City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-11-20
၁၃ ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ မှာ ကျင်းပခဲ့ပါတယ်။
2017-11-20
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ အမေရိကန်လွှတ်တော်အမတ် တွေဟာ မောင်တောဒေသအရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP နဲ့ စစ်တွေမြို့က ပါတီဌာနချုပ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-11-20
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာနတို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ စာပေးပို့ထားကြောင်း နာယက မန်းဝင်းခိုင်သန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
2017-11-19
ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရမှာ အဆင့်သုံးဆင့် စီမံကိန်းရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ က ပြောပါတယ်။
2017-11-19
တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံတဲ့ ချီတက်ပွဲကို မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများအဖွဲ့ က ဦးဆောင်ပြီး သံဃာနဲ့ လူအင်အားတစ်ထောင်ကျော်က ဒီကနေ့ မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ပွဲနဲ့ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
2017-11-19
လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ဆွေးနွေးကြ မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ဒီနေ့ ပြောပါတယ်။
2017-11-19
မူလကျောင်းသားသမဂ္ဂအဆောက်အဦးနေရာမှာ မည်သည့်အဆောက်အဦးမှ ဆောက်လုပ်ခြင်း မပြုဖို့ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ စုပေါင်းထုတ်ပြန်တဲ့ သဘောထားကြေညာချက်ကို သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
2017-11-19
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အတွင်း က စေတနာရှင်တွေရဲ့ လှူဒါန်းငွေကျပ်သိန်းပေါင်း ၆ ထောင်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ UEHRD စီမံကိန်းအောက်က ခွဲဝေသုံးစွဲသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ဒီနေ့ ပြောပါတယ်။
2017-11-19
ပြည်တွင်းစားသုံးမှုများတဲ့ ပေါ်ဆန်းမွှေးနဲ့ တောင်ပျံ အုပ်စုဝင် ဆန်ဟောင်းတွေဟာ လက်ရှိအချိန်မှာ ဈေးနှုန်း အမြင့်ဆုံးအချိန်ကို ရောက်ရှိနေပြီး ပုံမှန်ဈေးနှုန်းထက် တစ်အိတ်ကို ပျမ်းမျှ ကျပ် ၈၀၀၀ ဝန်းကျင်လောက် မြင့်တက်နေပါတယ်။