သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-19
လျှပ်စစ်မီတာခတွေတိုးမြှင့်ကောက်ခံမယ် လို့ လွှတ်တော်ကဆုံးဖြတ်လိုက်တာကို ကန့်ကွက် ဆန္ဒပြမှုအပြင်၊ မိုးထိမိုးမိရွှေလုပ် သားတွေရဲ့ဆန္ဒပြတာကို ကူညီတဲ့ အတွက်ထောင် ၃ လချမှတ်ခံခဲ့ရတဲ့ ရန်ကုန်ပြည် သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု ဟာလွတ်ရက်စေ့ပြီး မနေ့မနက်က အင်းစိန်ထောင်ကနေပြန်လွတ်ခဲ့ပါတယ်။
2014-11-19
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လစာထောက်ပံ့ငွေကို ကျပ်ငွေ ၃ သိန်းပေး ထားရာကနေ ၁၀ သိန်း ထိတိုးမြှင့်ပေးတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် လွှတ်တော် တက်နေစဉ်ကာလအတွင်း တစ်နေ့ အတွက်၂ သောင်းပေး မယ်လို့ သိရပါတယ်။
2014-11-18
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေ ကြတဲ့ ကျောင်း သူကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေ ကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပေးဖို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2014-11-18
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်း အဝေးက အတည်ပြုလိုက်ပါတယ်။
2014-11-18
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းမြို့မှာ ဒေသခံ ၂၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ပြည်သူတွေရဲ့ လက်မှတ်ငါးသန်းကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ဒေါက် တာဇော်မြင့်မောင်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
2014-11-18
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခုသက်တမ်းအတွင်း ပြင်ဆင်လို့မရကြောင်း၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ကျင်းပသွား မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
2014-11-17
အရှေ့အာရှနဲ့ အာဆီယံ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ရဲ့ Air India One လေ ယာဉ်ဟာ နေပြည်တော်လေဆိပ်မှာ လေယာဉ်ဆီဖြည့်ဖို့ တစ်နာရီခွဲကျော်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ အိန္ဒိယ သတင်းစာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်
2014-11-17
မြန်မာနိုင်ငံမှာ စင်္ကာပူရဲ့ ရင်းနှီးမြှပ်နှံ မှုပမာဏက တရုတ်ပြည်ကို ကျော်လွန် သွားခဲ့တာဟာ အမေရိကန် ကုမ္ပဏီတွေကြောင့် ဖြစ်တယ် လို့ မြန်မာအစိုးရ ဘဏ္ဍာရေး ဒုတိယဝန်ကြီးက ပြော ဆိုကြောင်း South China Morning Post သတင်း ကဖော်ပြပါတယ်။
2014-11-17
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန် စီမံကိန်းနဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့အတွက် MMDC အများပိုင်ကုမ္ပဏီက သိမ်းထားတဲ့ မြေနေရာတွေ အတွက် လျော်ကြေးပေးဖို့ ဒေသခံ ၈ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-17
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာန ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-17
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ အတွက် အစိုးရဖက်က ၂ လအတွင်း တစုံတရာ အရေး ယူဆောင်ရွက်ပေးမှုမရှိရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သပိတ်မှောက်ကျောင်း သူ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထား တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
2014-11-17
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိ သူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က ပြောပါတယ်။
2014-11-17
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတချို့ကို တပ်မတော်ကပြင်ဆင်ဖို့ အကြံပြုထားကြောင်းနဲ့ တကယ်လ့ို ပြင်ဆင်မယ်ဆိုရင်လည်း ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အတိုင်းပြင်ဆင်ဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။
2014-11-17
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင် တာကြောင့် ပြည်သူတွေက စိတ်ဝင်စားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ပြောကြားပါတယ်။