သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-09
နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံပေါင်း ၄၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ရာမှာ အဲဒီအထဲက မဲရုံ ၂၅ ရာခိုင်းနှုန်းဟာ မဲပေးပိုင်ခွင့်ရှိသူတွေ ရဲ့ စာရင်းကို ကပ်ထားဖို့ပျက်ကွက်ခဲ့တယ်လို့ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ ဒါနရှေ့ဆောင် (မြန်မာ) အဖွဲ့ က ပြောပါတယ်။
2015-11-09
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ မနေ့ညက မဲတွေ ရေတွက်နေစဉ်အတွင်း ကြိုတင်မဲ တစ်သောင်းတစ်ထောင်ခန့် ရောက်ရှိလာ တာကြောင့်၊ အန်အယ်လ်ဒီပါတီ၊ ကျားခေါင်းပါတီနဲ့ ကျားဖြူ ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်ကြောင်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။
2015-11-09
မကွေးတိုင်း ဂန့်ဂေါခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေဟာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့် ခဲ့ပါတယ်။
2015-11-09
ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လိုအပ်ရင် ပါတီဥက္ကဌတာဝန်က နှုတ်ထွက် မယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။
2015-11-09
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲမဲရလဒ်တွေကို ဒီကနေ့ စတင်ကြေညာရာမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းက ပြည်သူ့လွှတ်တော်အတွက် မြို့နယ်ပေါင်း ၁၂ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွက် ၂၄ နေရာအားလုံး မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ ပြောပါ တယ်။
2015-11-09
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေ မယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိန္ဒြေရှိဖို့လိုအပ်သလို နိုင် တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့ လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-11-09
ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလဒ်ကို လက်ခံကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ က ပြောပါတယ်။
2015-11-08
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့နယ်မှာ ဒီကနေ့ နေ့လည်က တောင်ကြီး မြို့နယ် ကော်မရှင် ထံကို ကြိုတင်မဲ ထုပ်တွေ ရောက်ရှိလာရာမှာ မဲကွာ ဟတာများနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်တာကြောင့် ကော်မရှင်က အဲဒီမဲထုပ်တွေ ကို ချိတ်ပိတ်လိုက်ပါတယ်။
2015-11-08
မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်က မဲရုံအမှတ် ၅ မှာ အမှန်တကယ်မနေထိုင်တဲ့ လူဦးရေ ၁ဝဝ ခန့်ဟာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ယူဆောင်ပြီး မဲလာပေးတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
2015-11-08
ဆန္ဒမဲတွေကိုရေတွက်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရှိရေးဟာ အရေးကြီးကြောင်း အီးယူ ဥရောပသမဂ္ဂ ရွေးကောက် ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ပြောပါတယ်။
2015-11-08
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာမဲရုံကနေ သယ်ဆောင်လာ တဲ့ မဲပုံးသုံးပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေ က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ရုံးအနီးက အဏ္ဏဝါဓာတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
2015-11-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့မနက်က ဗဟန်းမြို့နယ်မှာ သွားရောက်မဲပေးပြီးနောက် ကော့မှူးမြို့နယ်ကို ဆက်လက်ထွက်ခွာကာ မဲရုံ ၃ ရုံကို ဝင်ရောက်ကြည့် ရှုခဲ့ပါတယ်။
2015-11-08
ဒီနေ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် မဲရုံတိုင်း အဆင့် လေးဆင့် ထားရှိတယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် သိန်းဦးက ပြောကြားလိုက်ပါတယ်။
2015-11-08
ပြည်သူတွေ ရွေးချယ်တဲ့ ရွေးကောက်ပွဲ ရလဒ်အတိုင်း လက်ခံမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2015-11-08
မြန်မာနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲပြီးဆုံးသွားလို့ မဲလက်မှတ်တွေ ရေတွက်ကြတဲ့အခါမှာ လူအများ စိုးရိမ်နေကြသလို မဲလိမ် မဲခိုးမှုတွေ လုပ်လို့ မရအောင် တရားဥပဒေပိုင်းက စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ NLD ရှေ့နေ ဦးကိုနီက ပြောကြားလိုက်ပါတယ်။