သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-26
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အင်အားတွေ တိုးမြှင့်ချထားရုံနဲ့ တည်ငြိမ်အေးချမ်းရေးရရှိနိုင်မှာ မဟုတ်ဘဲ ဒေသခံတွေ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှသာ တည်ငြိမ်အေးချမ်းနိုင် မှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ စစ်တွေမြို့ခံတွေကို ပြောပါတယ်။
2014-12-25
နှစ်ပေါင်း ၆၅ နှစ် ကျော်ကြာ မကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ ရွေးကောက်ပွဲဟာ ချို့ယွင်းချက်တွေ ရှိနေပြီး၊ တရားမျှတမှု မရှိနိုင်ဘူးလို့ လေ့လာသူတွေက ဝေ ဖန်နေကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။
2014-12-25
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မှာ ဖော်ဆောင်နေတဲ့ စံပယ်တောင် -ကြေးစင်တောင် ကြေးနီစီမံကိန်းမှာ မြေယာတွေအသိမ်းခံရတဲ့ ရွာ ၁ဝ ရွာ မြေစာရင်းကို မြေစာရင်းဦးစီးဌာနက ရွာတွေ ကို ပေးပို့ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
2014-12-25
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစီမံကိန်း မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ တဲ့ ဒေါ်ခင်ဝင်း (၅၇နှစ်) ရဲ့ ရုပ်အလောင်း ကို ဒီနေ့ မိုးကြိုးပြင် သုသာန်မှာ ဂူသွင်း သြင်္ဂိုဟ်ခဲ့ပါတယ်။
2014-12-25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ လောက် ဟာ ရန်ကုန်မြို့က မြန်မာနိုင် ငံဆိုင်ရာ တရုတ်သံရုံးမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-12-25
နောက်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျင်းပ မယ့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့နဲ့ ဗိုလ်ရှုခံ အခမ်းအနားကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖဲ့ွက ခေါင်းဆောင်တွေကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
2014-12-25
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီ ခန်းမမှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေး ပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။
2014-12-24
တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ အစိုးရစစ်တပ် ပိုင် ဦးပိုင်ကုမ္ပဏီတို့ကြေးနီ ထုတ်လုပ်နေ တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေ ဆုံးသွားတဲ့အတွက် ဝမ်းနည်းပါကြောင်း တရုတ်အစိုးရ က ပြောကြားလိုက်ပါတယ်။
2014-12-24
လက်ပံတောင်းတောင်ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို ဘယ်လိုအခြေအနေမျိုးမှာမှ အခုလို ပစ်ခတ်ရန် အကြောင်းမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
2014-12-24
ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် နောင် စီပေါကျေးရွာရဲ့အရှေ့ဘက်က အင်ကြင်း တောင်ကြော တစ်လျှောက်မှာ တရုတ်နိုင်ငံ သားတွေက စက်ယန္တရားတွေနဲ့ တရားမဝင် သစ်ခုတ်နေတာ ကို အမြန်ဆုံးတားမြစ်ပေးဖို့ ဒေသခံတောင်သူ ၅၀၀ ကျော် က လက်မှတ်ရေးထိုးပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ ဒီနေ့ စာပေးပို့လိုက်ပါတယ်။
2014-12-24
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြု ချက်တွေကို အတိအကျ မလိုက်နာခဲ့တာကြောင့် နိုင်ငံ သားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အ ထိ ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-12-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါဝင် တဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် မှုကော်မတီက လိုက်နာမှုအားနည်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြော ဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂ ရက်က ပဋိပက္ခတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့မယ် လို့လည်း ဆိုပါတယ်။
2014-12-24
တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ် ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ အတွက် ပြည်ထောင်စု ညီလာခံတစ်ရပ် လိုအပ်ကြောင်းနဲ့ အဲ့ဒီအတွက် အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဆောင်သွား မယ်လို့ UNA ခေါ် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
2014-12-24
ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်နေ ကြတဲ့ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံ က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာကြေးကို ထိုင်းဘတ်ငွေ ငါးရာအထိ လျှော့ချပေးဖို့ ထိုင်းအာဏာသိမ်းစစ်အစိုးရ အဖွဲ့က မနေ့က သဘောတူလိုက်ပါတယ်။
2014-12-23
မြန်မာနိုင်ငံဟာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန် တစ်သန်းခွဲ ပြည်ပကိုတင်ပို့နိုင်မယ်လို့ မျှော်လင့် ရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆို ပါတယ်။