သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-14
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ တွေ့ဆုံခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
2023-11-14
ဘူးသီးတောင်မြို့နယ်မှာ နိုဝင်ဘာလ ၁၄ ရက် ဒီနေ့ စစ်ကောင်စီသားတစ်ဦး ပစ်သတ်ခံရပြီး နိုဝင်ဘာ ၁၃ ရက်မနေ့ကလည်း နယ်ခြားစောင့်ရဲတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-11-14
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ ၅ဝဝ ကျော်သေဆုံးခဲ့တယ်လို့ Landmine Monitor မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ ဖော်ပြထားပါတယ်။
2023-11-14
ထီးချိုင့်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-11-14
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်က ဆရာတော်နှစ်ပါးနဲ့ ဒေသခံငါးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီး ဒီနေ့ထိ အဆက်အသွယ်မရဘူးလို့ ပြောပါတယ်။
2023-11-14
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့ပါတယ်။
2023-11-14
လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လက်တုံ့ပြန်ခဲ့တာကြောင့် ဒီနေ့ထိ တိုက်ပွဲ ပြင်းထန်နေပါတယ်။
2023-11-14
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-11-14
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သား နှစ်ဆယ်ဦး သေဆုံးခဲ့ပြီလို့ KnHRG က ထုတ်ပြန်ပါတယ်။
2023-11-14
ရိခေါ်ဒါရ်မြို့ကို နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာ CNF နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာပစ်မှာစိုးရိမ်ရတာကြောင့် အိန္ဒိယဘက်ထွက်ပြေးနေရသူ ငါးထောင်ကျော် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2023-11-13
နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲဝင်ရောက်ကြည့်ရှု့ခွင့်ရဖို့ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2023-11-13
ရခိုင်ပြည်နယ်၊ မင်းပြားမြို့က ရွာတွေထဲကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ညတစ်ညလုံး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-13
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးရက်အတွင်း အရပ်သား တစ်ရာကျော်သေဆုံးခဲ့ပါတယ်။
2023-11-13
ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း နှစ်ခုကို နိုဝင်ဘာလ ၁၃ ရက်နေ့က သိမ်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
2023-11-13
ပုဏ္ဏားကျွန်းကနေ စစ်တွေဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦးကို နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ပြောပါတယ်။