သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-24
ရှမ်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် ကြမယ့် နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲရုံတွေ စောင့်ကြည့်လေ့လာရေးနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမ မှာ ဒီနေ့ စတင်ဆွေးနွေးကြပါတယ်။
2015-10-24
အစိုးရအပေါ်မှာ ပြည်သူတွေ မုန်းတီး စိတ်တွေ ဖြစ်ပေါ်လာအောင် စည်းရုံးပြော ဆိုနေတဲ့ နိုင်ငံရေးသမားတွေ ရှိနေကြောင်း လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ပြောလိုက် ပါတယ်။
2015-10-24
ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ ဖွဲ့စည်းပုံကို ချိုးဖေါက်နေတာဖြစ်သလို လူမျိုးရေး ဘာသာရေး ကို ရွေးကောက်ပွဲအတွက် သုံးနေတာကို အုပ်ချုပ်တဲ့ အာဏာပိုင်တွေက ထိထိရောက်ရောက် ဘာဖြစ်လို့ အရေးမယူသလဲဆိုတာဟာ မေးခွန်းထုတ်ရမယ့် ကိစ္စဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-10-23
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ Lucky Shoes ဖိနပ်စက်ရုံမှာ အချိန်ပိုခိုင်းစေမှုတွေရှိပြီး အချိန်ပိုကြေး မပေးတာကြောင့် အလုပ်သမား ၃ဝဝ လောက်က မနေ့က ဆန္ဒပြနေကြပါတယ်။
2015-10-23
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့တို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ်ချုပ်ဆိုနိုင်တဲ့ အပေါ် ထောက်ခံကြောင်း ဒေသ ခံပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေက ဒီကနေ့ ရှမ်းပြည် နယ် တောင်ကြီးနဲ့ လားရှိုးမြို့တွေမှာ ထောက်ခံကြိုဆိုပွဲတွေ ကျင်းပကြပါတယ်။
2015-10-23
အစိုးရစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ မိုင်းရှုးမြို့ နယ်၊ ကျေးသီးမြို့နယ်နဲ့ တန့်ယန်းမြို့နယ်တွေ မှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ခေတ္တယာယီ ရပ်ဆိုင်းပေးဖို့ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့စွဲနဲ့ တင်ပြထားပါတယ်။
2015-10-23
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲမတိုင် ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်း သားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ထောင်တွင်းမှာ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေပါတယ်။
2015-10-23
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး အသင်းက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ အာဏာကို စွန့်လွှတ်ဖို့အတွက် ဦးဆောင် ရေးဆွဲခဲ့တာဖြစ် တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောပါတယ်။
2015-10-23
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်း ကျင်းပသလဲဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး တိုးတက်မှု ရှိမရှိ တိုင်းတာတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောလိုက်ပါတယ်။
2015-10-23
ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကို သုံးပြီး မွတ်စလင်နဲ့ ရခိုင် တိုင်းရင်းသားတွေ နှစ်ဘက်စလုံး က လက်မခံနိုင်သေးဘဲ လက်တွေ့ လုပ်ဆောင်ဖို့ဆိုရာမှာ လည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ကြောင်း ကွဲပြားခြားနားမှု နဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ရင်လှိုင် က ပြော ပါတယ်။
2015-10-23
မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ် မှာ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေ ကရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိရှိနိုင်ပြီး နောက်ကွယ် ကနေ ချုပ်ကိုင်ထားတဲ့သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ အစိုးရဝန်ကြီး ဦးအုန်းမြင့်ပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
2015-10-22
မြန်မာနိုင်ငံမှာ ပညာမသင်နိုင်ဘဲ အလုပ် လုပ်နေရတဲ့ ကလေးတွေ သန်းနဲ့ချီ ရှိနေကြောင်း AFP သတင်း က ဖေါ်ပြ ပါတယ်။
2015-10-22
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို စောင့် ကြည့်လေ့လာဖို့ လျှောက်လွှာတင်ထား သူပေါင်း ၆ ထောင် ကျော်ရှိတယ် လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ကပြောပါတယ်။
2015-10-22
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က သူ့ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန် ယူစေချင်တယ် ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ အင်္ဂပူမြို့ နယ် ကံကွင်းကျေးရွာမှာ ဒေသခံတွေကို တိုက်တွန်း ပြော ကြားလိုက်ပါတယ်။
2015-10-22
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေး တဲ့ အဖွဲ့တွေအားလုံးရဲ့ စုံညီအစည်းအဝေး တစ်ရပ်ကို လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးလောက် မှာ ကျင်းပဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။