သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-16
နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်းချနေ သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနေ တာတွေ ရပ်တန့်ပေးဖို့ လှိုင်၊ လှိုင်သာယာ၊ ကမာရွတ် ၊ တောင်ဒဂုံမြို့နယ်တွေက ကူးခွေရောင်းချသူ ၃၀ ကျော်က ဒီနေ့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2016-10-16
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲက ပါလိုင်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်း(ပလောင်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-10-16
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေ မြို့ကို ထွက်ပြေးလာသူ ဒုက္ခသည် ၅၀၀ နီးပါး ရှိနေပြီလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
2016-10-15
နေပြည်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး ဒေါသ၊ အာဃာတနဲ့ နာကြည်းချက်တွေကို အတိတ်မှာထားပြီး ဒုက္ခနဲ့ သောကတွေကနေ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေ ကင်းဝေးနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးစားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
2016-10-15
စစ်ပွဲတွေ ရပ်တန့်ပေးဖို့ မန္တလေးဒေသခံ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကချင်လူမှုရေး အသင်းအဖွဲ့တွေ စုပေါင်းပြီး မန္တလေး မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-15
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင်နေရာအဖြစ် ပြန်လည်သတ်မှတ်ပေး ဖို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ ၅ဝဝ လောက်က ဒီကနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။
2016-10-15
ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက် ခိုက်နေတာတွေကို ရပ်ဆိုင်းပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA က ဒီနေ့ တောင်းဆို လိုက်ပါတယ်။
2016-10-15
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အတွင်း ဟုမ္မလင်းကနေ မုံရွာမြို့ကို ပြေးဆွဲ တဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၅ နာရီခန့်က တိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးသူ ၁၅ဝ ကျော်ရှိနေပြီး ညနေပိုင်းအထိ သေဆုံးသူ ၄ ဦးကို ရှာဖွေတွေ့ရှိထားပါတယ်။
2016-10-15
တိုက်ခိုက်နိုင်တဲ့အရည်အချင်းကို ပြိုင်မယ့် အစား မီးငြိမ်းအောင်လုပ်နိုင်မယ့် အင်အား ကို ပြိုင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
2016-10-14
အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို စိုးရိမ်ပူပန်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။
2016-10-14
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေကို အစိုးရက စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်လိုက် ပြီဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2016-10-14
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနားက ဗလမင်းထင်တံတား စုပေါင်းဂိတ်မှာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်မယ့် ကျောက် စိမ်းအရိုင်းတုံး တန်ချိန် ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူတွေကို ကျောက်မျက်ဥပဒေနဲ့ အရေး ယူဖို့စစ်ဆေးနေပါတယ်။
2016-10-14
မလေးရှားနိုင်ငံမှာ ဒီတပတ်အတွင်း တရား မဝင်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဦးရေ ၃၀၀ လောက် အဖမ်းခံထားရတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား လူမှု ကူညီရေးအဖွဲ့က ပြောပါတယ်။
2016-10-14
ဒေသခံတွေ တောင်းဆိုထားတဲ့ ခန္တီးနဲ့ မုံရွာမြို့တွေကို တိုက်ရိုက်အမြန်ရေ ယာဉ်တွေ ပြေးဆွဲပေးဖို့ အစီအစဉ်ကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရက ကုမ္ပဏီတွေ လုပ်ပိုင် ခွင့်လျှောက်ထားကြဖို့ ပြောလိုက်ပါတယ်။
2016-10-14
ရေလွှမ်းမိုးမှုဒဏ်ကို နှစ်တိုင်းလိုလိုခံနေရ တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခရိုင် ၈ ခုမှာ မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ် ငန်းတွေ လုပ်ဆောင်ဖို့အတွက် တိုင်းအစိုးရရဲ့ရန်ပုံငွေ ကျပ် ၃.၄ ဘီလီယံနီးပါး သုံးစွဲသွားမယ်လို့ စစ်ကိုင်းတိုင်း ရေ အရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ပြောပါတယ်။