သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-23
မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက လူဦးရေရှစ်ထောင်လောက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ့်ကိစ္စ မြန်မာအစိုးရဘက်ကို အသိပေးအကြောင်းကြားတာ မရှိသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2018-10-23
၂ဝ၁၆ အောက်တိုဘာလနောက်ပိုင်း ရခိုင်ပြည်နယ်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်ပိတ်ပင် ထားတာဟာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပြီး အခုချိန်မှာ အဖတ်ဆယ်ဖို့တောင် ခက်သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က ပြောကြားလိုက်ပါတယ်။
2018-10-23
ရခိုင်အရေးမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်စက်ကြုမ်းကြတ်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး မြန်မာစစ်တပ်အကြီးအကဲ ငါးဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
2018-10-22
မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတို့ အရေးကြီးကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းဘာဂနာက ပြောလိုက်ပါတယ်။
2018-10-22
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တရားရုံးမှာ စစ်ဆေးခဲ့တဲ့ တရားခံတွေကို ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိဘူးလို့ ရခိုင်ပြည်နယ် တရားလွှတ်တော် ပြည်နယ်တရားရေးဦးစီးမှူးက ဒီနေ့ပြောလိုက်ပါတယ်။
2018-10-22
ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖောက်လုပ်မယ့် ၁၀၉ ကီလိုမီတာရှိမယ့် လမ်းစီမံကိန်းကို ၃နှစ်အတွင်း ဖောက်လုပ်မယ်လို့ သိရပါတယ်။
2018-10-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းနဲ့ ရခိုင်ဒေသတွေမှာ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောလိုက်ပါတယ်။
2018-10-22
လုပ်ခလစာနဲ့ နစ်နာကြေးမရဘဲ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ လှိုင်သာယာစက်မှုဇုန်က ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အလုပ်သမား ၇၅ ဦးဟာ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့ တောင်းဆိုရာ တိုင်းအစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အလုပ်သမားကိုယ်စားလှယ် ၅ ဦးနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးနေပါတယ်။
2018-10-22
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးပြား အရေအတွက် ၃ သန်းနီးပါးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိပါတယ်။
2018-10-22
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုး ဖောက်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စွပ်စွဲပြောဆိုချက်ဟာ မှန်ကန်မှုမရှိကြောင်း KNPP က ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-10-22
တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ ၃ ဦးအပေါ် အမှုဖွင့် အရေးယူထားတာကို ခြွင်းချက်မရှိ ပြန်ရုပ်သိမ်းပေးဖို့ ပြည်ပရောက် ကချင်လူမျိုးများ ကွန်ဂရက် (WKC) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-10-21
နယ်စပ်ကနေ တရုတ်ပြည်ကို စပါးတွေ တရားမဝင် တင်ပို့နေတာတွေကို ဖမ်းဆီးအရေးယူတာတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
2018-10-21
ရခိုင်အရေးနဲ့ပတ်သက်ပြီး NLD အစိုးရ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာ အမှားလုပ်ထားတာ မရှိကြောင်း NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ မိုးကုတ်မြို့မှာ ဒေသခံပြည်သူတွေနဲ့ တေ့ွဆုံစဉ် ပြောလိုက်ပါတယ်။
2018-10-21
ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မဲဆောက်ကို ဒီနေ့မနက်က မောင်းနှင်လာတဲ့ မှန်လုံယာဉ်တစ်စီး တိမ်းမှောက်တာကြောင့် မြန်မာအလုပ်သမား ၁၀ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
2018-10-21
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ပုဂ္ဂလိကဆေးရုံကို ချိတ်ပိတ်ပြီး တရုတ်နိုင်ငံသား ဆရာဝန် ၂ ဦးအပါအဝင် ၁၀ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။